Part-12

842 63 14
                                    

Unicode

"ဆောင်ဟွန်း မင်းသိလား မင်းနဲ့ငါစတွေ့တုန်းကဆိုလေ မင်းနဲ့ငါအရမ်းရင်းနှီးနေချင်ခဲ့တာ ရင်းနှီးပြီးနောက်ပိုင်းမှာလည်း မင်းနဲ့ငါအမှတ်တရတွေ အများကြီးဖန်တီးခဲ့ကြတာလေ မှတ်မိသေးလား အလယ်တန်းတုန်းကလေ ကျောင်းကအပြန် မိုးရွာတော့ ငါတို့နှစ်ယောက်လုံးမှာ ထီးမပါဘူးလေ အဲ့တာကြောင့် မိုးတွေရွှဲပြီး အိမ်ကို ရောက်သွားတာ ကြွက်စုတ်လိုတွေလေ ဟားဟား အဲ့တုန်းက ငါတို့တွေ အများကြီးရင်းနှီးခဲ့ကြတာနော်

အထက်တန်းရောက်တော့ မင်း ငါ့အပေါ်ကို စပြီးသိသိသာသာပြောင်းလဲလာတယ် ငါ့ကို အရင်ကလောက် ကောင်းကောင်းမဆက်ဆံတော့ဘူး ငါ့ကိုဆို အမြဲဘုကလန့်တွေချည်းပဲ ပြောတာလေ ငါအများကြီးစိတ်ဆင်းရဲခဲ့ရတာ သိလား ပြီးတော့ အမေရိကာနိုတစ်ခွက်ပဲ ‌ကျန်တော့တဲ့နေ့က ငါမင်းအပေါ်ကို တမင်အလျှော့ပေးလိုက်တာ ငါက အမေရိကာနိုကို သိပ်ကြိုက်တာလေ

မင်း ငါနဲ့ပြန်တည့်သွားတုန်းကဆို ငါ့ရင်ထဲ အတိုင်းအဆမဲ့ပဲ ပျော်ခဲ့ရတာ ငါ့ဘဝရဲ့အပျော်ဆုံးနေ့ကို ပြောပြရဦးမလား မင်းဖွင့်ပြောတဲ့နေ့လေ မင်း မေမေ့ဆီကပါ တစ်ခါတည်းခွင့်တောင်းသွားတဲ့ပုံ ငါအရမ်းသဘောကျတာပဲ

ငါမင်းအပေါ် သဘောကျတဲ့အချက်တွေက တစ်ထိုင်တည်းနဲ့ပြောလို့မကုန်တာမို့ မင်းနဲ့တစ်သက်လုံး ဒီအချက်တွေကို ပြောပြသွားချင်လို့ မင်း ငါ့ဆီပြန်လာပေးမယ်မလား ကျေးဇူးပြုပြီး ငါ့ဆီပြန်လာပေးပါကွာ"

ဂျယ်ယွန်းမှာ ပြောလည်းပြောပြီး ဆောင်ဟွန်းရဲ့ လက်ဖမိုးကို ငုံ့ရှိုက်နမ်းပြီး ငိုနေမိသည်

ဆေးရုံခန်းအပြင်ဘက်က ကြည့်နေသည့် မိဘနှစ်ပါးလည်း သားနှစ်ယောက်ကို ကြည့်ရင်း ရင်ထဲ ပိုပိုပြီး နင့်လာရသည်

~~

ခဏအကြာမှာတော့ နှလုံးခုန်တိုင်းသည့်စက်မှ 'တီ' ဆိုသော အသံများကို ကြားလိုက်ရပြီး မျဉ်းအကွေးများသည် တဖြေးဖြေးနှင့် မျဉ်းဖြောင့်များဖြစ်လာသည်ကို ဂျယ်ယွန်းတွေ့လိုက်ရသည်

အရေးပေါ်အခြေအနေဖြစ်လာသည်မို့ ဆရာဝန်များလည်း ရုတ်ရုတ်သဲသဲရောက်ရှိလာသည်
CPRလုပ်နေသော်လည်း နှလုံးက ပြန်မခုန်လာ
ထို့ကြောင့် နှလုံးကို shockရိုက်ကြရန် ပြင်ဆင်ကြသည်

Love In The PastWhere stories live. Discover now