ယုံကြည်ရာ..မောင်(Yizhan)
Chapter<1>"ရှောင်ကျန့်..နင်..နင်ဘာလုပ်နေတာလဲ..ဟမ်"
"မမ.."
"အခုဆင်းစမ်း..ဆင်း"
"ကျွန်တော်သွားစရာရှိတယ်"
"ဘယ်ကိုလဲ.."
"မောင့်ဆီ"
"မသွားရဘူး..နင့်ကိုမသွားစေချင်လို့တောင်ပါးကအခန်းထဲပိတ်ထားတာလေ.."
မကြီးမငယ်နှင့်ရှောင်ကျန့်တစ်ယောက်ပြတင်းပေါက်တံခါးကနေဆင်းရန်ကြံနေသည်ကိုမမကမြင်သွားခြင်း..
"မသိဘူး..မောင့်ကိုတွေ့ချင်တယ်"
"ဆင်းစမ်းပါဟာ..ငါလည်းအဲ့အကောင်နဲ့သဘောမတူနိုင်ဘူး..တစ်အိမ်လုံးသဘောမကျတဲ့ကိစ္စကိုနင်ဘာလို့တဇွတ်ထိုးလုပ်နေရတာလဲ..ဟမ်"
"မောင့်ကိုချစ်လို့.."
"တော်စမ်းပါ..နင်စိတ်ကစားတာနင်သူ့ကိုတစ်ကယ်မချစ်ပါဘူး"
"ကျွန်တော်တစ်ကယ်ချစ်မချစ်မမကဘယ်လိုသိမလဲ.."
"တောက်ခ်..ငါနော်..ရှောင်ကျန့်..ပါပါးလာရင်နင်အရိုက်ခံနေရမယ်..ဆင်း"
"မဆင်းဘူး..မောင့်ဆီသွားမှာ..နောက်ပြီး..ကျွန်တော့်အသက်20ကျော်ပြီ..စိတ်ကစားတဲ့အရွယ်မဟုတ်ဘူး..မောင့်ကိုတစ်ကယ်ချစ်တာ.."
ဝုန်းး!
"ဟဲ့..ရှောင်ကျန့်.."
အလန့်တကြားဖြစ်သွားရတဲ့လင်းရှောင်တစ်ယောက်မောင်ဖြစ်သူအားငုံ့ကြည့်မိတော့ဖင်ခါကာထွက်သွားသည်။
"ပါပါးပြန်လာရင်တော့ပွဲဆူပြီပေါ့ဟာ"
လွန်ခဲ့သောနှစ်လလောက်ကပင်ရှောင်ကျန့်မှာချစ်သူရှိနေမှန်းတစ်မိသားစုလုံးသိခဲ့ရသည်။ဒီအခြေအနေထိအဆင်ပြေသေးပေမယ့်..မိဘတွေကြားလိုက်ရတဲ့..သားချစ်သူကဈေးသည်ကောင်လေးဆိုသည့်စကားကြောင့်မိဘတွေကိုဒေါသအိုးဆူပွက်စေခဲ့တယ်။ အဲ့နေ့ကရှောင်ကျန့်နဲ့ဖခင်ဖြစ်သူအချေအတင်ဖြစ်ခဲ့ကြပြီး..နီးရာတုတ်ပြေးဆွဲတက်သည့်ပါပါးကြောင့်ရှောင်ကျန့်မတ်တပ်တောင်မရပ်နိုင်အောင်ကိုဖြစ်သွားတယ်။နောက်တော့အခန်းထဲပိတ်ထားခဲ့ပေမယ့်..နလံထူတာနဲ့တန်းပြီးမောင်နေတဲ့ရှောင်ကျန့်ကနည်းအမျိုးမျိုးဖြင့်အိမ်ကိုလှည့်ကာထွက်သွားတက်သည်။
*****
"ကောင်လေး..ဘာတွေရောင်းလဲ"
YOU ARE READING
ယုံကြည်ရာ..မောင်[Completed]
Fanfictionအချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်ကသူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"