Chapter<7>

504 25 2
                                    

ယုံကြည်ရာ..မောင်
Chapter<7>

သူတို့အိမ်ကိုရောက်တော့မနက်10နာရီလောက်ထိုးရော့မည်။ခရီးပန်းလာသည့်ရှောင်ပါးတစ်ယောက်ဟောဟဲလိုက်နေကာဧည့်ခန်းထဲတွင်အနားယူနေလျက်..

"လီလီ "

"ဟုတ်ကဲ့ သခင်ကြီး"

"ငါ့ကိုရေတစ်ခွက်ပေး ရေခဲရေလေး"

"ဟုတ်ကဲ့ အခုပဲသွားယူလိုက်.."

"ဟိုလေ နေပူကြီးထဲပြန်လာတာကိုအရမ်းအေးတာတွေသောက်လို့ဖြစ်ပါ့မလား ရိုးရိုးရေလေးပဲသောက်ပါလား ပါး"

"ဘာကွ ငါ့ဟာ့ငါဘာသောက်သောက်မင်းအပူပါလား"

"ဘယ်လိုပြောလိုက်တာလဲပါးရယ် ပါးကအခုကျုပ်ပါပါးဖြစ်သွားပြီလေ အဲ့တော့.."

"ဟျောင့် ဘယ်သူလဲမင်းပါပါး ငါမင်းပါးမဟုတ်ဘူး "

အမှန်တစ်ကယ်ပင်စိုးရိမ်မိတဲ့အတွက်သူဝင်တားလိုက်မိတာ တစ်ဖက်ကသူစိမ်းဆန်သည့်စကားတွေပြောလာတော့ရိပေါ်စိတ်ထဲမကောင်းဖြစ်သွားရသည်။

"ကျုပ်ကစိတ်ပူလို့.."

"မင်းပူပေးစရာမလိုဘူး ပူပေးမယ့်သားသမီးတွေမွေးထားတယ် နောက်တစ်ခါပါးလို့ခေါ်ရင်မင်းအသေပဲ "

"ဟုတ် ကျွန်တော်မခေါ်တော့ပါဘူး"

"မောင်"

"ချစ်ကျန့်"

ဖခင်နှင့်ယောက်ျားယှဥ်ထိုင်နေသည်ကို ရှောင်ကျန့်တစ်ယောက်ရိပေါ်ဆီကိုသာပြေးသွားလိုက်တော့ ရှောင်ပါးမှာလီလီယူလာသည့်ရေခဲရေခွက်နှင့်ကောက်ပေါက်ချင်စိတ်ကတစ်ဖွားဖွား.

"မောင်နဲ့ငါနေဖို့အခန်းလေး လိုက်ကြည့်မလား"

"ချစ်ကျန့်ပြရင်ကြည့်မှာပေါ့"

"ဒါဆိုသွားရအောင်လေ "

"နေပါအုံးသားငယ်ရယ် မာမားတို့နဲ့လည်းစကားပြောပါအုံး ဒီနေ့မှရောက်တာဒီနေ့ပဲအိမ်တွင်းအောင်းတော့မလို့လား မားနဲ့စကားမပြောဖြစ်တာလည်းကြာနေပြီလေကွယ်"

"ဟင်း မောင်ပင်ပန်းနေမှာစိုးလို့"

"အော် သားရယ် ရိပေါ်ကမာမားတို့ထက်တောင်ခံနိုင်ရည်ရှိပါတယ် ဒီမာမားကသားငယ်ကိုလွမ်းနေခဲ့ရတာလေ"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now