Chapter<11>

324 18 0
                                    

ယုံကြည်ရာ..မောင်
Chapter<11>

"ကျိရွှမ်း.."

"လာလေရိပေါ် "

"အင်း"

အိမ်ကိုစရောက်လာကတည်းကရိပေါ်အခန်းထဲကအခန်းပြင်မထွက်ဘူး..နှစ်ရက်လောက်ကြာမှအောက်ထပ်ကိုဆင်းလာခဲ့ခြင်းဖြစ်သည်။

"ဘာလိုလို့လဲရိပေါ်"

"မလိုပါဘူး မင်းစီစဥ်ပေးထားတာအကုန်အဆင်ပြေပါတယ်"

"ဒါဖြင့်မျက်နှာကဘာလို့ညှိုးနေတာလဲ"

ကျိရွှမ်းလက်တွေကသူ့မျက်နှာကိုပွတ်သပ်လာတော့ရိပေါ်နောက်ကိုတွန့်သွားခဲ့တယ်။

"ဒီကောင်တော့..ဒါလေးလုပ်တာဘာဖြစ်လို့လဲ "

"ချစ်ကျန့်တစ်ယောက်ပဲကိုင်ခွင့်ရှိတာ"

"ဘာ.."

"ငါချစ်ကျန့်ကိုလွမ်းတယ်"

"မင်းရဲ့အဲ့ဒီ့ချစ်ကျန့်ဆိုတဲ့လူကိုငါတွေ့လည်းမတွေ့ဖူးဘူး..မြင်လည်းမမြင်ဖူးဘူး သူကအရမ်းလှလို့မင်းဒီလောက်ဖြစ်နေတာလား"

"လှမှလွမ်းရမှာလားကွာ အရေးမပါတာတွေ"

"ဒါဆိုရုပ်ဆိုးကြီးပေါ့ "

"ဟန်ကျိရွှမ်း!!"

"ဘာတုန်း"

"ချစ်ကျန့်ကအရမ်းလှတာကွ..ချောလည်းချောတယ်..ချစ်ဖို့လည်းကောင်းတယ်..ငါပြောချင်တဲ့သဘောကချစ်ကျန့်ကိုငါလှလို့ချောလို့ချစ်တယ်ဆိုတာထက် ချစ်ကျန့်မို့လို့ချစ်တာလို့ပြောချင်တာ.."

ဆူပုတ်ပုတ်ကြီးနဲ့ပေါက်ပေါက်ဖောက်နေတဲ့ရိပေါ်ကိုကျိရွှမ်းခိုးရယ်ပေးလိုက်သည်။သူရယ်နေတာမြင်တော့မျက်စောင်းကထိုးနေသေး..

"ဟုတ်ပြီ အဲ့ဒါထားတော့ ဒီကိစ္စတွေလာပြောနေတယ်ဆိုတော့ကား မင်းငါ့ကိုဘာလုပ်ပေးစေချင်လို့လဲ"

"ဟင်း..... မဟုတ်ပါဘူး ငါချစ်ကျန့်ကိုအရမ်းလွမ်းနေလို့မင်းနဲ့စိတ်ပြေလက်ပျောက်စကားလာပြောတာ "

"အော်..အေးပါ နောက်အဆင်ပြေသွားမှာပေါ့ မနက်စာမစားရသေးဘူး အတူသွားစားကြမယ်"

"အပြင်မှာလား"

"ငါကအပြင်စာမှမစားတက်ပဲ..အိမ်မှာထမင်းချက်ကြီးရှိတယ်လေ....သူကဟင်းချက်အရမ်းကောင်းတာ..မင်းဘာစားချင်လဲ ငါ့ကိုပြော"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now