Chapter<6>

424 26 1
                                    

ယုံကြည်ရာ..မောင်
Chapter<6>

"ခရမ်းချဥ်သီးဘယ်လိုရောင်းလဲဗျ"

နေလေးစောင်းတော့နှစ်ယောက်သားအမဖြစ်သူပေးခဲ့သည့်ပိုက်ဆံယူကာရွာဈေးဆီရောက်ခဲ့သည်။ရွှေလင်ဗန်းနှင့်အချင်းဆေးခဲ့ရတဲ့ရှောင်ကျန့်မှာအသီးအရွက်တွေလက်ဆက်တယ်မလက်ဆက်ဘူးခွဲတက်တာကလွဲရင်မဝယ်တက် ဒါ့ကြောင့်လည်းရိပေါ်သာလိုက်မေးလိုက်ဝယ်နေရခြင်း

"ဟော တွေ့ကြပြန်ပြီ ဈေးလာကြတာလား"

"အာ လင်းရင်လည်းဈေးလာတာလားဗျ"

"ဟုတ်တယ် အိမ်မှာလင်းရင်ကအိမ်ရှင်မလေးလေ ဒီတော့လင်းရင်ပဲလာရတော့တာပေါ့"

"အဲ့လိုလား "

ပြုံးပြုံး ပြုံးပြုံးနှင့်စကားပြောနေသောမောင့်ကိုကျွန်တော်တရွတ်တိုက်ဆွဲခေါ်ချင်တာပဲသိတယ်။မောင်ကအဲ့ဒီ့ကောင်မလေးကိုအရေးကြီးခွင်ကျယ်လုပ်ပြီးစကားပြောပေးနေတာ

"မောင် သွားရအောင်"

"အင်း နေပါအုံးချစ်ကျန့်ရဲ့ ခရမ်းချဥ်သီးဝယ်ပါရစေအုံး"

"ဟိုရှေ့နားကဆိုင်မှာလည်းရှိတယ် ဒီဆိုင်မှာပဲရှိတာမဟုတ်ဘူး"

"ခဏပါချစ်ကျန့်ရယ် ဒီကပိုလက်ဆက်တယ်"

"ဟုတ်တယ် လင်းရင်လည်းဒီဆိုင်ကပဲဝယ်ဖြစ်တာ အကိုရိပေါ်ကအရမ်းတော်တာပဲ"

"တော်ဆို ကျုပ်ကဈေးသည်လေဗျာ"

"ဟုတ်လား ဈေးသည်သာဆိုတယ် ရုပ်ရည်ကသန့်ပြန့်နေရော "

"ေမာင် အိမ်ပြန်မယ်"

"ဒါပေမယ့် ချစ်ကျန့်.."

"ပြန်ဆိုပြန်လိုက်လေမောင်ရာ "

"အိုးး ယောက်ျားကိုဒီလိုမျိုးချုပ်ချယ်လို့ရရိုးလားအကိုရှောင်ရယ် ချုပ်ချယ်လွန်းရင်တစ်ချို့ယောက်ျားတွေကလွတ်ထွက်သွားတက်တယ်နော် လင်းရင်ကစိတ်ပူလို့ပြောပြတာ"

အရိပ်ပြအကောင်မမြင်သောမောင်ဆိုသည့်လူသည်လင်းရင်စကားကိုနားယောင်ကာပြုံးဖြီးလျက်ရှိလေ၏။ရှောင်ကျန့်ဒေါသတွေတစ်ဆတစ်ဆတိုးလာကာထိုနေရာကထွက်လာခဲ့လိုက်တော့နောက်နားဆီကတစ်ဆင့်ရိပေါ်ကအော်ခေါ်ရင်းလိုက်ပါလာသည်။

ယုံကြည်ရာ..မောင်[Completed]Donde viven las historias. Descúbrelo ahora