Chapter<18>

268 15 6
                                    

ယုံကြည်ရာ..မောင်
Chapter<18>

ညနေစာစားဖို့မိသားစုတွေဝိုင်းထိုင်လိုက်တဲ့အခါအားလုံးကကြည်ကြည်လင်လင်ပဲ..တစ်ယောက်သောသူကတော့မအီမသာဖြစ်နေခဲ့သည်ပေါ့..

"ဟျောင့်.ကျိရွှမ်း"

"ဟင်"

"စားလေ စားချင်သလိုလိုမစားချင်သလိုလိုနဲ့..ဘာဖြစ်နေလဲ"

"အင်း..နေသိပ်မကောင်းချင်လို့"

"ဟုတ်လား"

ဒီတော့မှအားလုံးရဲ့အကြည့်တွေ ကျိရွှမ်းဆီရောက်လာတယ်..ရှောင်ရွယ်အပါအဝင်ပေါ့..မျက်နှာကနဂိုထက်နီနေပြီးမျက်လုံးတွေရဲနေတယ်။

"Baby. .အဆင်ပြေရဲ့လား"

"ပင်ပန်းသွားတာဖြစ်ပါလိမ့်မယ်"

"အဟွတ်..အဟွတ်..အွန့်.."

ကြားကနေထပြောတဲ့ရှောင်ပါးကသဘောရိုးပေမယ့်မရိုးတဲ့ရှောင်ရွယ်ကတော့သူ့အကြောင်းသူသိပြီးထမင်းတွေသည်းကုန်တယ်..ကျိရွှမ်းကတော့ခေါင်းသာငုံ့ထားပြီးဘာတစ်လုံးမှမပြောခဲ့ပါ..

"ဘာထဖြစ်တာလဲအလတ်ကောင်"

"အဟွတ်..အဟမ်း..ဘာမှမဖြစ်ဘူးပါး..အု..အမြန်စားလိုက်လို့"

"ဟုတ်လို့လားရှောင်ရွယ်..နင်ကျိရွှမ်းကိုမတရားနှိပ်စက်နေတာပါးသိမှာကြောက်သွားလို့မလား"

"မမ..."

လင်းရှောင်မဲ့ပြလိုက်တယ်..နေ့လည်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုဘေးအခန်းကပ်ရပ်နေတာမို့သူမမသိချင်မှအဆုံး..

"ဒီမောင်နှမတွေ..ဘာမဟုတ်တာလေးနဲ့ထမင်းစားပျက်အောင်လုပ်တော့မယ်..ငြိမ်ငြိမ်နေလိုက်တော့"

"မားကြောင့်ငြိမ်နေလိုက်မယ်"

"သားရောပဲ"

"အင်း...နေမကောင်းချင်သလိုဖြစ်နေတယ်ဆိုလည်းအလတ်ကောင်ကိုဆေးခန်းပို့ခိုင်းလေ.."

"နေပါစေဗျ ကျွန်တော်အမြဲဖြစ်နေကျပါ.."

"နေမကောင်းဘူးဆို အစာမာမာတွေသိပ်မစားနဲ့Baby. .ကိုယ်ကြက်သားနွှင်ပေးရမလား"

ကျိရွှမ်းတစ်ယောက်ရှောင်ရွယ်ကိုဘုကြည့်ကြည့်နေပါသည်။အကြောင်းအရင်းအမှန်ကိုသိနေတဲ့ရှောင်ရွယ်ကပြုံးစိစိနဲ့မျက်စိမှိတ်ပြတော့ခေါင်းပြန်ငုံ့သွားပြီးငြိမ်နေတယ်။

ယုံကြည်ရာ..မောင်[Completed]Wo Geschichten leben. Entdecke jetzt