ယုံကြည်ရာ..မောင်
Chapter<27>(Final)Three Years Later,
ကြက်တူရွေးလေးနှစ်ကောင်ကလူကျီစယ်နေတဲ့အသံကတိုက်ပုလေးကိုကြည်နူးရိပ်သန်းစေတယ်။မြက်ခင်းပြင်သေးသေးလေးပေါ်မှာယုန်လေးတွေကပြေးဆော့နေခဲ့ပြီး ပန်းအချို့ကလှပစွာပွင့်လန်းနေဆဲ..
"ငါဒေါသထွက်လာပြီ..သူဘယ်အချိန်ထိအဲ့လိုတွေလုပ်နေမှာလဲမသိဘူး..စိတ်ရှိတိုင်းသာဆိုငါဓားနဲ့ထိုးသက်ပစ်တယ်"
မိုးပြာရောင်အင်္ကျီလေးနဲ့ကောင်လေးတစ်ယောက်အောက်ပိုင်းမှာဘောင်းဘီတိုအဖြူလေးဝတ်ထားပြီးဖုန်းပြောနေရင်းကနေခြံထဲဆင်းလာတယ်။မျက်နှာမှာတော့ဒေါသတွေကအပြည့်..
"ငါသည်းခံပါတယ်..သူကိုကလွန်လွန်ကြူးကြူးတွေလုပ်နေတာ....အရင်တစ်ခေါက်ကလည်းညကြီးအချိန်မတော်မှအိမ်ပြန်လာတယ်..မူးရူးနေတာပဲ..မနေ့ညကဆိုပြန်တောင်မလားဘူး....တောက်ခ်..ငါပြောရင်းဒေါသတွေထွက်နေပြီ"
ဒေါကြီးမောကြီးနဲ့ပြောနေတဲ့ကောင်လေးမှာရှောင်ယင်မှဟုတ်ပါလေစ....လင်တော်မောင်ဝမ်ကောချန်တစ်ယောက်ညကပြန်မလာသည်မို့စိုးရိမ်လွန်ကာပြောဆိုနေဆဲပင်...ပြောသမျှနားထောင်နေရတဲ့ရှောင်ယမ်ကတော့ဖုန်းချပစ်ချင်နေပြီ..ဒီလိုပြသနာတက်နေတာကဒီတစ်ကြိမ်တည်းမဟုတ်တော့ဘူး..လက်ထက်ပြီးတစ်ပတ်အကြာမှာစပြီးနားထောင်ခဲ့ရတဲ့အကြောင်းအရာတွေချည်း..ဒါ့ကြောင်ရှောင်ယင်ဖုန်းခေါ်ပြီဆိုရှောင်ယမ်ကအထာနပ်နေပြီ....
"လက်ထက်ပြီးတာမှသုံးလပဲရှိသေးတာလေရှောင်ယင်..သူ့စရိုက်လည်းမင်းသိရဲ့သားနဲ့..ပြန်လာမှာပေါ့..အိမ်ကနေကျိန်ဆဲမနေနဲ့"
"မင်းမသိပါဘူး..ငါခံစားနေရတာငါပဲသိတယ်..ဟွန်း..ပြန်လာရဲရင်ပြန်လာကြည့်..အသေပဲ"
ထိုစဥ်မှာပဲဝမ်ကောချန်တစ်ယောက်ခြံထဲကိုဝင်လာတာသူတွေ့လိုက်ရတယ်။
"ဟက်..တွေ့ကြသေးတာပေါ့..ဒါပဲရှောင်ယမ်"
"အမ်..ရှောင်ယင်..အရမ်းမဖြစ်ကြနဲ့နော်.."
နှေးတိနှေးတုံ့လျှောက်လာတဲ့လူကသူ့ရှေ့ရောက်တော့ရပ်သွားတယ်။သွားတွေပေါ်အောင်ရီပြတော့ရှောင်ယင့်လက်သီးတစ်လုံးကကောချန်ဝမ်းဗိုက်ဆီသို့..
YOU ARE READING
ယုံကြည်ရာ..မောင်[Completed]
Fanfictionအချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်ကသူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"