ယုံကြည်ရာ..မောင်
Chapter<24>"ပါပါး"
ခြံထဲဆင်းထိုင်နေတဲ့သူ့ကိုကလေးနှစ်ယောက်ကလက်ကလေးဆွဲရင်းလှမ်းခေါ်တယ်။
"အင်း.."
"အပြင်မှာအေးတယ်လေ.."
"ပါပါးစိတ်မကြည်လို့ပါကွယ်"
ဆည်းဆာရောင်ခြည်နဲ့အတူကပ်ပါလာတဲ့လေနုအေးကခြံထဲရှိနေတဲ့ပန်းတွေရဲ့ရနံ့ကိုလှိုင်လှိုင်မွှေးကြူစေတယ်။
"သားတို့တောင်းပန်ပါတယ်ပါပါး..မှားခဲ့တာသိပါတယ်.."
"သားတို့အပြစ်မဟုတ်ပါဘူး ပါပါးအပြစ်..ပါပါးပေါ့လျော့ခဲ့လို့ဖြစ်ရတာ.."
"ဟင့်..အင့်..ဒယ်ဒီ့ကိုပြန်ပြီးတောင်းပန်ချင်တယ်..ဒယ်ဒီ့ကိုလိုက်ရှာချင်တယ်ပါပါး"
ရင်ခွင်ထဲတိုးဝင်ကာရှောင်ယမ်ကပြောလာတော့သည်။ရှောင်ယင်လေးကတော့ငူငူကြီးထိုင်နေဆဲ..
"ဦးလေးရှောင်ရွယ်တို့လိုက်ရှာနေပါတယ် စိတ်မပူကြနဲ့နော်..ရွှတ်..ရွှတ်"
ခေါင်းလေးနှစ်လုံးကိုခပ်ဖွဖွနမ်းရှုံ့လိုက်တာနဲ့နှစ်ယောက်လုံးဖက်တွယ်လာပြီးမျက်ရည်တွေစွန့်ထုတ်ကြပြန်သည်။သူကိုယ်တိုင်လည်းနှလုံးသားတစ်ခုလုံးအက်ဆစ်နဲ့ပက်ခံရသလိုနာကျင်နေရတာကြောင့်မျက်ရည်စီးကြောင်းလေးတွေကအပြည့်ပဲ...
"မင်းတို့ကျောင်းဘယ်လိုသွားလဲ..ဘယ်လိုဖြတ်သန်းနေရလဲဆိုတာကို ရွှတ်..မင်းတို့ဒယ်ဒီကသိချင်ခဲ့ပါတယ်..ပါပါး..ဟင့်..ပါပါးကသာ ကလေးတွေကို အင့် လွှတ်ထားပေးလိုက်ပါလို့မပြောခဲ့ရင်..ဒီပြသနာတွေကတက်လာစရာအကြောင်းမရှိဘူး...ရွှတ်. "
"ရှောင်ယမ် ဒယ်ဒီ့ကိုသိပ်ချစ်တယ်ပါပါး..ဒါကိုဒယ်ဒီကဂရုမစိုက်တော့ ရှောင်ယမ်လည်းဝမ်းနည်းတယ်.."
နေညိုချိန်လေးမှာသားအဖသုံးယောက်တရှုံ့ရှုံ့ငိုကြွေးရင်းအောင့်အည်းထားခဲ့သောစကားသံများကိုမျှဝေခဲ့ကြသည်။
"ဖက်တီး.."
"ဟင်.."
ခြံဝကနေအော်ခေါ်သံကိုကြားလိုက်ပြီးတဲ့နောက်လူနှစ်ယောက်ကသူတို့ဆီကိုတရွေ့ရွေ့လျှောက်လာတယ်။
YOU ARE READING
ယုံကြည်ရာ..မောင်[Completed]
Fanfictionအချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်ကသူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"