~သခင်ကြင်လျှင်ချစ်ခြင်းမည်~
"ဒေါက်တာ ကျနော့်သားအခြေအနေလေးပြောပါအုံးဗျာ"
သားအက်စီးဒန့်ဖြစ်ကာ ဆေးရုံရောက်နေသည်ဆိုပြီး
အကြောင်းကြားတော့ ဦးရာဇသစ်မူးလဲမတက်ပင်ဖြစ်သွားခဲ့ရသည်။
ဒီနှစ်အတွင်း သားမတော်တဆဖြစ်တာ တခါမကတော့။"ဦးခေါင်းခွဲစိတ်ရမယ်ဦးရာဇသစ်
အကြီးစားခွဲစိတ်မှုဆိုတော့ကျနော်တို့နိုင်ငံမှာအဆင်မပြေနိုင်ဘူး
ပြီးတော့သူ့မှာကိုယ်ဝန်လဲရှိနေတယ်""ဗျာ ကိုယ်ဝန်…ကျနော့်သားမှာကိုယ်ဝန်ရှိနေတယ်လို့ပြောလိုက်တာများလားဗျာ"
ဦးရာဇသစ် ငေါက်ခနဲပင်လဲကျချင်သွားရသည်။
မိမိသားမှာ ကိုယ်ဝန်ရှိနေသတဲ့။
မိုက်လိုက်တာသားရယ်။"လောလောဆယ်အခြေအနေထိန်းပေးလို့ရတယ်
မနက်လေယာဉ်နဲ့နိုင်ငံခြားကိုသွားဖို့စီစဉ်ပေးပါ
သူကအရင်တခါယာဉ်တိုက်မှုဖြစ်ထားတုန်းကလဲ
အပေါ်ယံမထိလိုက်ပေမဲ့အတွင်းကျေသဘောမျိုးဖြစ်ထားတာဆိုတော့
အခြေအနေကနည်းနည်းစိုးရိမ်ရတယ်""ဒါဆို ကျနော်ချက်ချင်းစီစဉ်ပါ့မယ်ဒေါက်တာ
မနက်အထိတော့အခြေအနေကိုထိန်းပေးထားပါကျနော်တောင်းဆိုပါတယ်"ိကိုယ်ဝန်ကိစ္စကို ဦးရာဇာသစ်မတွေးနိုင်သေး။
သားအသက်ရှင်ဖို့ရာ ဦးစွာကြိုးပမ်းရအုံးမည်။"ဟုတ်ကဲ့အဲ့ဒါတော့ကျနော်လုပ်ထားပေးမယ်
ဒါပေမဲ့တစ်ညလုံးစောင့်ကြည့်ရမှာပဲ"ဒေါ်မြမင်းထင်ကတော့ဒေါက်တာရဲ့စကားကြောင့်
ဘာမှဝင်မပြောနိုင်ဘဲ အံ့သြနေရသည်။
သခင့်မှာ ကိုယ်ဝန်ရှိနေတာဖြစ်နိုင်ရဲ့လား။
သခင်က ယောကျာ်းလေးတစ်ယောက်လေ။
ဘယ်လိုလုပ် ကိုယ်ဝန်ဆိုတာ အတည်ပြုလို့ရနိုင်မှာလဲ။သခင့်ကိုကြံစည်မိတာမှန်သော်လည်း
ကိုယ်ဝန်ဆိုတာကြောင့် တုန်လှုပ်မိသည်။
မိန်းမသားတစ်ယောက်ဖြစ်သည်မို့ သားသမီးမရှိသော်လည်း မိခင်စိတ်တော့ရှိပါသည်။မိမိပယောဂကြောင့်များ ကိုယ်ဝန်တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုပြီး ဒေါ်မြမင်းထင် ချွေးပျံလာရသည်။
