Unicode ✅✅
ညနေစောင်းပြန်ရောက်ထဲက နှုတ်ခမ်းကြီးဆူကာဘယ်သူမှလဲစကားမပြောပဲနေနေတာ
မိုယူကိုရစရာမရှိလုပ်လိုက်လို့ ကိုယ်ကပဲသူ့ကိုစိတ်ဆိုးရမလားအောင့်မေ့တယ်
သူကအရင်စိတ်ဆိုးနေတယ်"ဟိုတစ်ယောက်ခုထိထမင်းမစားသေးဘူးလား"
"...."
"ဘယ်တွေလျောက်ငေးနေတာလဲ မင်းကိုပြောနေတာ ပုလုံးရဲ့"
"မဆာဘူး မစားချင်ဘူး"
"ပီးရော"
"သခင်လေးမှာထားတဲ့ ဆန်မုန့်ရောက်လာပါပီ ပြင်လိုက်ရတော့မလားသခင်လေး"
"အင် ပြင်ပီး ဒီဘက်ကိုယူခဲ့"
"ဟူတ်"
ထမင်းကမစားရသေးဘူးဆိုပီး ကိုယ်ကစိတ်ပူနေတာဘယ်ဟုတ်မလဲ နေ့လည်လောက်ထဲက ၃ပန်းကန်တောင်စားထားတယ်ဆိုပဲ Jimin shii ကအစားပုတ်လေးပဲ
"ဝါးးးး ဆန်မုန့်လေးကနူးအိပီးမွေးနေတာပဲ စားလို့ကောင်းမဲ့ပုံစံလေးပဲ"
ဆန်မုန့်ဆိုသော အသံကိုလဲကြားရော မသိမသာခေါင်းလေးထောင်ကြည့်လာသော ပန်းရောင်ဝတ်စုံလေးနဲ့ကောင်လေးရဲ့ခေါင်းလုံးလုံးလေးက အသဲယားဖွယ်အတိ
"မြို့တော်ရဲ့ အနောက်ဖက်ဈေးထဲက အဘွားအိုရဲ့ဆန့်မုန့်ဆိုင်ကဝယ်လာတာမလား"
"ဟုတ်ပါတယ်သခင်လေး"
"ဝါးး အက်တာဆို ရှယ်စားကောင်းမှာပဲ"
အနောက်ဖက်ဈေးထဲကအဘွားအိုရဲ့ဆန်မုန့်ဆိုင်က ဆန်မုန့်က ပတ်ဂျီမင်းအရမ်းကြိုက်တာ မသိပဲနေမလား သူကြိုက်မှန်းသိလို့ မတင်မစားစားချင်အောင်စနေမိတယ်
"ဟိတ် Jimin shii ဆန်မုန့်စားအုံးမလား"
"မစားဘူး"
"တကယ်မစားဘူးလား ဟိုအဘွားအိုရဲ့ ဆန်မုန့်လေ တကယ်မစားဘူးပေါ့"
"မစားဘူးဆို မင်းဘာဖြစ်နေတာလဲ မင်းသာဂပိုးနင့်အောင်စား"
"စားမှာ စားမှာ"
ပထမဆုံးတစ်ကိုက်စားလိုက်ပီး ဂျီမင်းရှေ့မှာတင် အားရပါရမြိန်ရေယှက်ရေစားပြနေလိုက်သည်

YOU ARE READING
အလှလေးရဲ့မှုပိုင်ရှင်🌼(အလွေလးရဲ႕မႈပိုင္ရွင္🌼)
FanfictionUnicode ✅ "အကို ချစ်လားလို့" "ချစ်ဘူး မင်းကအရမ်းသဝန်တိုတာ မုန်းတယ် ယုန်လူဆိုးကြီး ဟွန့်" "အကိုကလဲချစ်လို့သဝန်တိုလေဗျာ" Zawgyi ✅ "အကို ချစ်လားလို့" "ချစ်ဘူး မင်းကအရမ်းသဝန်တိုတာ မုန်းတယ် ယုန်လူဆိုးကြီး ဟွန့်" "အကိုကလဲချစ်လို့သဝန်တိုလေဗျာ" Start- 7.8.2...