Part-20🌼

1.5K 213 20
                                    

Unicode ✅✅

မနေ့ညဦးပိုင်းကမိုးကတော်တော်ကိုသဲကြီးမဲကြီးရွာချထားတာမို့ မနက်ရောက်တော့ မိုးအေးတာကော ဆောင်းအေးတာပါပေါင်းပီး တကယ်ကို အုံ့အုံ့မှိုင်းမှိုင်းကြီးဖြစ်နေတဲ့ရာသီဉတုကြောင့် စောင်ပုံထဲက ကြက်ပေါက်စလေးက မျက်လုံးမပွင့်တပွင့်ပဲ နှုတ်ခမ်းဆူဆူလေးဖြင့် နိုးလာခဲ့သည်

"အားး ကျွတ် ကွတ် နာလိုက်တာ မနေ့ညက.........."

မှတ်ဉာဏ်တွေကို အကုန် ပြန်ပီး recordလုပ်လိုက်တော့မှ တစ်စီတစ်တန်းကြီး ပေါ်ချလာသော ရှက်စဖွယ်နဲ့ စိတ်ပျက်စရာအပြုအမှုများကြောင့် အသံရှည်ကြီးဆွဲအောင်ကာ ဘေးနားမှာ အသေအလဲအိပ်နေသောယုန်မျောက်မှန်စုတ်ကို တွေ့တာမို့ ကုတင်ပေါ်ကနေ ကန်ချပစ်လိုက်သည်

"အားးးးး"

ထိုအသံကြောင့် အဆောင်ရှိခေါင်မိုးမှ နားနေသော ခိုများအပြေးအလွားပျံသန်းကုန်ကျပြန်သည်

"အားး hyungဘာ..ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ကျွန်တော့ကိုကန်ရတာလဲ"

"ရားးး မင်း..မင်းကို ငါသတ်မယ် အားး"

စကားလဲဆုံးကော သတ်မယ်ဆိုပီးတကဲကဲပြင်ကာထနေတုန်း မနေ့ညကအရှိန်ကြောင့် ပြန်မထနိုင်ကာ ပုံလျက်သားပြန်ပီးဖင်ထိုင်လျက်ပြန်ကျသွားရသည်

"hyung အဆင်ပြေလား တအားနာသွားလား"

ပြန်လဲကျသွားသောသူနားကို အမြန်ပြေးလာကာ မထိတထိလေးကိုင်ပီး မရဲတရဲဖြင့်မေးလိုက်ကာမှ ရှယ်ပလန်နဲ့ကိုအအော်ခံလိုက်ရသည်

"ရားး မင်းမိုလို့မေးထွက်ရက်တယ်နော် သိပ်ကိုအဆင်ပြေနေတယ်ထင်နေလား ချီးးး
နာယိုးမရီးးး"

"hyungကလဲ ကျွန်တော်က ထိန်းပါသေးတယ် hyungက ဆန်အရက်အကြည်တွေသောက်မိပီး ဆေးမိသလိုကြီး ဖြစ်သွားတာကို"

"ဟင် ငါ့ကလား"

"ဟုတ်တယ် ကိုယ့်အမှားကျကိုယ်မသိပဲ သူများကိုဆိုအော်ဖို့နဲ့ ကန်ဖို့လောက်ပဲသိတယ်"

"ငါစိတ်လွတ်တယ်ပဲထားပါအုံး မင်းကအသိစိတ်ရှိသေးတယ်လေ အားလေးဘယလေးနဲနဲပါးပါးလျော့ပါလား အခုငါထလို့တောင်မရတော့ဘူး"

အလှလေးရဲ့မှုပိုင်ရှင်🌼(အလှလေးရဲ့မှုပိုင်ရှင်🌼)Where stories live. Discover now