ep.27(part-2)

1.6K 135 31
                                    

Unicode ✔️✔️

မိုးလေးတွေ ထိုင်းမှိူင်းငြီးငွေ့စရာကောင်းအောင် ရွာချနေသည်က တမျိုးတဖုံစိတ်ညစ်စရာရယ်

အလွမ်းဓာတ်လေးကလဲပါနေသည်မို့ ငိုချင်စိတ် ဝမ်းနည်းစိတ်တွေက ကြီးစိုးလာပြန်တယ်

"သခင်လေး အိမ်ခန်းဆောင်ထဲ ဝင်ပါတော့ မိုးက အတော်သည်းလာပီဗျာ့"

"အင်း ဝင်မှာပါ "

"ဪ.. မနေ့က သခင်လေးထယ်ယောင်းလာသွားသေးတယ် ခနပါပဲ ဒေါသတကြီးနဲ့ချက်ချင်းကို ပြန်ပြေးသွားတာ "

"အမ် ဘယ်ကိုတုန်း ကျွန်တော့်ဆီကို လာတာလား"

"ဟုတ်တယ် သခင်လေးနဲ့ လူကြီးမင်းဆိုးဂျူဟွန်းတို့ စကားပြောနေတဲ့အချိန်လောက်ကပဲ သခင်လေး ထယ်ယောင်းစိတ်တိုတာ မမြင်ဖူးဘူး တကယ်ကိုကြောက်စရာကြီးပဲ သခင်လေးရယ် မျက်စံတွေက ပိုပီးကြောက်ဖို့ကောင်းတယ်"

"သွားပီ အထင်လွဲသွားပြန်ပီ ထင်တယ် ကျွန်တော်ထယ်ယောင်းအိမ် ခနသွားအုံးမယ် အဖေ့ကို ကြည့်ပြောပေးထားပါအုံးနော်"

"အယ် ဒီကလေးနှယ် ချက်ချင်းကြီးကွယ် မိုးရွာတော့မယ်ထင်တယ် အမိုးတောင်ယူမသွားဘူး "

ခြေလှမ်းတွေဟာ လျင်မြန်နေဆယ် ဘာကြောင့်လျင်မြန်နေလဲ အဖြေရှာမရခဲ့ ဘာကို သွားရှင်းပြချင်နေရတာလဲ ကိုယ့်ကိုကိုယ်တောင် နားမလည်ခဲ့ဘူး စိတ်ထဲစွဲနေတာတော့ ဒီကောင်လေး ကိုယ့်ကို အမုန်းကြီးမမုန်းသွားဖို့ပဲ

"ထယ်ယောင်း ထယ်ယောင်း"

"ဦးလေး ထယ်ယောင်းရှိလားပဲ"

"ရှိတယ်ထင်တယ် အခန်းထဲ သွားကြည့်လိုက်လေ မောင်ရင်"

"ဟို... ဦးလေးပဲ သွားခေါ်ပေးလို့ ရမလားဟင် ကျွန်တော် အပြင်က စောင့်နေချင်လို့"

"အေ့ပါ ခနတော့စောင့် မောင်ရင်"

ဧည့်ခန်းထဲမှာ ထိုင်စောင့်နေရင်း စိတ်လှုပ်ရှားနေခဲ့တယိ ဘာကို စိတ်လှုပ်ရှားနေမိတာလဲ အမှန်ဆို နောက်နေ့ပဲ လက်ထပ်ရတော့မဲ့သူကို လာရှင်းပြနေရခြင်းလား? ဘာတွေလုပ်နေမိမှန်းမသိပေမဲ့ သူတို့လမ်းခွဲခြင်းမှာ သူ့အနေနဲ့ လိပ်ပြာလုံချင်၍ လာရောက်ခြင်းဟုသာ သတ်မှတ်ထားသည်

You've reached the end of published parts.

⏰ Last updated: Jun 12, 2022 ⏰

Add this story to your Library to get notified about new parts!

အလှလေးရဲ့မှုပိုင်ရှင်🌼(အလှလေးရဲ့မှုပိုင်ရှင်🌼)Where stories live. Discover now