Part-16🌼

1.4K 236 37
                                    

Unicode ✅✅

တောင်တန်းတွေရဲ့စိမ်းစိုနေပီး အေးမြရဲ့လေလေးက တကယ်ကိုကြည်နူးနှစ်ခြိုက်ဖွယ်ကောင်းတယ်

တောင်ဆင်းလမ်းတစ်လျောက်လုံး ဟိုဆော့တစ်ယောက် ညီဖြစ်သူ ဂျီမင်းရဲ့ မျက်နှာအရိပ်အကဲအခြေကိုကြည့်ပီး မနက်ကလို ထပ်ဖြစ်မှာကြောက်၍ ရင်တမမနှင့် ပြန်လာခဲ့ရသည်

"ဘီဘီလေးရေ ကိုယ်ဒီမှာ"

မြို့တော် အဝင်ဝနားက ကြက်သားဆန်ပြုတ်ဆိုင်သည် ဟိုဆော့တို့ညီအကို တောင်ပေါ်ဘုရားကျောင်းက ပြန်လာတိုင်း ဝင်စားနေကြပင် ဆိုင်ရှင် ဦးလေးကြီးနှင့်လဲ သိပ်ကိုရင်းနှီးကြသည်

"ဟာ ဦးဆုန်းဂျူ ဆန်ပြုတ်ကဂျိုဆွန်းခေတ် ဂိုလျော မြို့မှာ တကယ့်ကိုအကောင်းဆုံးပဲ"

"ဟား ဟား ဂျီမင်းကတော့နော် သိပ်ကိုစကားတတ်တယ် မင်းအက်လိုချီးမကျူးလဲ ဦးလေးက တစ်ပန်ကန်း အဆစ်တိုက်မှာပါနော်"

"ဟီးး တကယ်ကောင်းလို့ပြောတာကို ဦးဆုန်းဂျူကလဲ ဆန်ပြုတ်အတွက်ကျေးဇူးပါ"

"မင်လေးရာ ဦးဆုန်းဂျူတို့က ငွေကြေးအဆင်ပြေတာမဟုတ်ဘူး မင်းသောက်ချင်ရင် အကိုဝယ်တိုက်မှာပေါ့ "

"အကိုဟိုဆော့ကီကလဲ မင် ကတောင်း‌တာမှမဟုတ်တာ ဦးဆုန်းဂျူက မင့်ကိုချစ်လို့ပေးတာကို"

"ဟုတ်သားပဲ ငါတူရာ ဂျီမင်းလေးက ဆန်ပြုတ်တစ်ခွက် အပိုတိုက်ယုံနဲ့ မခက်ပါဘူးကွာ "

"ကျွန်တော်ဆိုလိုတာ အက်လိုမဟုတ်.."

"သိတယ် ဦးလေး သိတယ် ဒါနဲ့ မျက်နှာလေးလန်းနေတာပဲ ဒီနှစ်မလန့်တော့ဘူးလား အဆ်ုပြေပီပေါ့"

"ဘယ်ကသာ ဒီနှစ်လဲထုံးစံတိုင်းပဲ ကျွန်တော်က မေ့သွားပီး အနားထွက်သွားသလိုဖြစ်သွားတော့ ငိုတာတော်တော်နဲ့မရပ်ဘူး"

"ဂျီမင်း စိတ်ဒဏ်ရာက သိပ်ကြီးမားသကို"

ဆန်ပြုတ်ကိုသာ စိတ်နှစ်၍ စားနေသော အဝါနုရောင်hanbokလေးနဲ့ ဂျီမင်းသည် မကြားချင်ယောင်ဆောင်ကာ စားစရာရှိတာကိုသာဆက်စားနေခဲ့သည်

"ဘီဘီလေးက ဒီရောက်နေတာကို"

ထယ်ယောင်းတစ်ယောက် မနက်ကစိတ်ဆိုး၍ထွက်သွားသော ချစ်ရသူကိုလာချော့နေရခြင်းပင်

အလှလေးရဲ့မှုပိုင်ရှင်🌼(အလှလေးရဲ့မှုပိုင်ရှင်🌼)Where stories live. Discover now