25(Part-2)🌼

1.1K 185 42
                                    

Unicode ✅✅

စိတ်ညစ်လွန်း၍ ဆိပ်ကမ်းနားကဆောင်ကြာမြိုင်မှာ သေရည်တွေမူးနေအောင်သောက်နေသော ကောင်လေးငယ်သည် မျက်ရည်များဖြင့်

"ဟက် အချစ်ခံရတာ ပင်ပန်းလို့တဲ့ ငါကတကယ်ပဲဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလား"

သေရည်များထဲက အပြင်းဆုံးဆိုသည့်အရာကိုမှ မှာယူပီး သောက်နေသောသူရဲ့ ခန်းဆောင်ရှေ့မှဖြတ်သွားသော ဆူချိုသည် အလှမယ် နာယွန်းရဲ့ခါးကိုဖတ်လျက်ဖြင့်

"အရှေ့ဘက်ခန်းဆောင်ထဲက သူက
ကင်အိမ်တော်က သခင်လေး
ကင်ထယ်ယောင်းမလား"

"ဟုတ်တယ်လေ အကိုရဲ့ အသဲကွဲလာတာထင်တယ် မနက်ထဲကငိုပီးလာသောက်နေတာ တော်တော်ကြာပီ"

"ဟေ ဟုတ်လား "

"အကို နာယွန်းကို ငွေစပေးအုံးလေ နာယွန်းဆီမှာ ဒီတလစာငွေစမပေးရသေးဘူးနော်"

နာယွန်းနဲ့ဆူချိုသည် ချစ်သူတွေဖြစ်ကြသည်
နာယွန်းဆိုသည့် ကောင်မလေးသည် ဒီအလှမယ်အနေနဲ့ ဒီလိုမကောင်းသည့်နေရမှာ
မဖြစ်သာလို့သာ လုပ်နေရခြင်း သူသည် ကောင်းရောင်းကောင်းဝယ်သာလုပ်စားပီး အေးအေးဆေးဆေးနေချင်သည်မို့ လတိုင်း ဆူချိုစီမှ ငွေစတောင်းကာ သစ်သားဖြင့်ပြုလုပ်ထားတဲ့ သေတ္တာအသေးလေးဖြင့်စုသည် သူတို့၏ စုထားသော စုဗူးသေတ္တာလေးငွေစတွေပြည့်သည်ဆိုတာနဲ့ ဆူချိုနဲ့ နာယွန်းသည် ထိုနေရာမှထွက်ခွာပီး နှစ်ဦးသဘောတူလက်ဆက်၍ ရေကောင်းမြေကောင်းသည့်နေရာတွင်သာ တောင်ယာလုပ်ကိုင်မည်အိမ်မက်သည် နှစ်ယောက်အတူ စီစဉ်ထားသည့်စိတ်ကူးလေးဖြစ်သည်

"ဟိုလေ နာယွန်း အကိုလေ ဒီလအတွက်ကိုလေ...."

"အကိုကကွာ နာယွန်းနဲ့အတူအေးအေးချမ်းချမ်းလေးနေချင်ရင် အကို့ဘက်က သေချာရုန်းကန်မှရမှာလေ အကို့ကိုတကယ်စိတ်ပျက်တယ်ကွာ "

နာယွန်းသည် စိတ်ဆိုး၍ ဆူချိုရဲ့ ရင်ဘက်ကိုထုရိုက်ကာ ထိုနေရာမှထွက်ခွာသွားသည်

ဆူချိုသည် ခေါင်းပေါင်းထားသော အဝတ်စကို ချွတ်လျက် စိတ်ညစ်ညစ်ဖြင့်ထွက်သွားမည်အလုပ် တားဟံလာသော ‌ဖြူဖွေးပီး အိစက်နေသော အသားရည်ဖြင့် လက်ချောင်းသွယ်သွယ်လေးများက အမြဲကိုင်ဆောင်နေကျ ယပ်တောင်အနီလေးဖြင့် အရှေ့တွင် လာတားဝံ့သည်

အလှလေးရဲ့မှုပိုင်ရှင်🌼(အလှလေးရဲ့မှုပိုင်ရှင်🌼)Where stories live. Discover now