Unicode ✅✅
JEONစံအိမ်တော်နဲ့ အနောက်ဘက်တောင်တန်းဘက်က ရေတံခွန်နေရာနှင့် အတော်ကို ဝေးလံလွန်းလှသည်
ပြေးလွားကာ ရယ်သံလွင့်လွင့်လေးဖြင့်
တစ်ယောက်ကိုတစ်ယောက် ရိုက်ပုတ်စနောက်လျက် Jeon စံအိမ်တော်ကြီးရှေ့သို့ရောက်လာကြသည်။"ဟားဟား တော်တော့ကွာ ပြေးရတာလဲမောနေပီ"
"ဪ မောအုံးမှပဲ မင်းယောက္ခမ အိမ်ရှေ့ရောက်နေပီလေ "
"ဟဲ ဟုတ်သားပဲ လာလေဝင်ကြမယ် "
"တော်ပီ ငါမဝင်ချင်ဘူးကွာ ငါ့မလဲနော် အသဲကွဲတာတောင် အေးအေးဆေးဆေးမကွဲရဘူး တကယ် ဘဝကြီးက အဆင်ပြေမနေဘူး"
"အဆင်ပြေချင်ရင် လှေဆိပ်ရဲ့ ဈေးနားက အဘွားအိုရောင်းတဲ့ဆန်မုန့်သွားဝယ်ပေးစမ်းပါ ငါ စားချင်လို့"
"ချီး မဝယ်ပေးဘူး ငါမောနေပီ ပင်ပန်းတယ်။ဒါကြောင့်ပြန်မယ် အရမ်းစားချင်လဲ မင်းယောက်ကျားကို သွားဝယ်ခိုင်း"
"ဟားဟား အေ့ပါကွာ ဆွာရီး ဆွာရီး"
တစ်ယောက်တစ်ယောက် ဆဲသံလေးများဖြင့်သာသာယာယာနှုတ်ဆက်ကြသည်😆
JEONအိမ်တော်ထဲလဲ ဝင်သွားကော Jeonသခင်မကြီးရဲ့ လက်ကို ကိုင်လျက် အခုလေးတင် အပြင်ကပြန်ဝင်လာတဲ့ ကိုယ့်အား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ပီး
"ခုချိန်ထိ ဘယ်တွေသွားနေလို့ ခုမှပြန်လာရတာလဲ ဟမ် "
"ဟင် ငါ ..ငါက.."
"သား သား မင်းအမေကို သားဂျီမင်းပဲ ကယ်ပေးတာ ဘာလို့ကလေးကို အော်နေရတာလဲ "
JEONသခင်ကြီးမှ ထပီး ဖြေရှင်းပေးသော်လဲ ဂျောင်ကုသည် နားမဝင်ခဲ့ပါ နီဆွေးနေသောမျက်လုံးဖြင့် တွန့်ချိုးနေသော မျက်ခုံးတန်းနှစ်ခုဟာ အပြိုင်ထိခတ်လျက် အတော်ကို ကြောက်မိသည်
"အဲ့ဘက်ထိ ဘာသွားလုပ်ရတာလဲ အဲ့မှာ ဒီလောက် အန္တာရယ် များတာ မသိဘူးလား ဟမ် ပြောစမ်း!!"
မက်မွန်သီးထုပ်လေးကိုင်ထားသော လက်တစ်ဖက်အား အကြမ်းပတမ်းပင်ဆွဲစောင့်ဖြစ်တာကြောင့် ကြမ်းပြင်ပေါ်တွင် ဖြန့်ကျဲသွားသော မက်မွန်သီးများဟာ တကယ်ကိုလှလှပပရယ်

YOU ARE READING
အလှလေးရဲ့မှုပိုင်ရှင်🌼(အလွေလးရဲ႕မႈပိုင္ရွင္🌼)
FanfictionUnicode ✅ "အကို ချစ်လားလို့" "ချစ်ဘူး မင်းကအရမ်းသဝန်တိုတာ မုန်းတယ် ယုန်လူဆိုးကြီး ဟွန့်" "အကိုကလဲချစ်လို့သဝန်တိုလေဗျာ" Zawgyi ✅ "အကို ချစ်လားလို့" "ချစ်ဘူး မင်းကအရမ်းသဝန်တိုတာ မုန်းတယ် ယုန်လူဆိုးကြီး ဟွန့်" "အကိုကလဲချစ်လို့သဝန်တိုလေဗျာ" Start- 7.8.2...