Part-18🌼

1.3K 196 27
                                    

Unicode ✅✅

အောက်လမ်းဆရာအိမ်ကနေ ဘဲနှုတ်ခမ်းဆူပုတ်ပုတ်ဖြင့်ထွက်လာသော ပတ်ဂျီမင်းရယ်ပါ

တလမ်းလုံးနှုတ်ခမ်းကြီးဆူကာ မေမေ့အိမ်ရောက်သည်ထိ ဘယ်သူမှစကားမပြောပဲဆူပုတ်ကာ မြင်သမျှလူတိုင်းမျက်စောင်းထိုလျက် ဂျောင်ကုလာကြိုတာကိုသာ
ယောက္ခ‌မဘေးနားထိုင်စောင့်နေခဲ့သည်

"ပြန်ရောက်ပါပီ"

"သားငယ်လေးတောင်ပြန်ရောက်ပီပဲ မောနေပီလားသားငယ်"

"ရပါတယ်မေမေရာ မေမေ့မျက်နှာလေးမြင်လိုက်ရတာ အမောပြေသွားတယ်"

"ဟွန့် အချွဲလေး"

"မေမေ သားတို့ပြန်လိုက်တော့မယ်နော်"

"ဟဲ့သားငယ်ထမင်းစားသွားပါအုံးလား "

"တော်ပီမေမေ မစာသေးလို့ မစားတော့လား hyungလာပြန်ကြမယ်လေ"

ထိုအခါမှထိုင်နေရာကတော့ ဆူပုတ်ပုတ်မျက်နှာလေးဖြင့်ထလာသော မြူနှင်းငယ်

အိမ်ဝန်းထဲမှထွက်ခါနီးတွင်

"ဂျွန်~~"

"အာ ရှင်းဟွာက ဒီကို"

"မေမေ ထမင်းစားဖိတ်ထားတာလေ"

"ဪ အက်တာဆို ကောင်းကောင်းသုံးဆောင်လိုက်ပါရှင်းအယ် မေမေ့ထမင်းဟင်းကအကုန်စားကောင်းတာ"

"ခ်ခ် ဂျွန်ကတော့ မေမေ့ကိုမြှောက်ပြောနေလိုက်တာ မေမေ့လက်ရာစားရမှာတောင် မစောင့်နိုင်တော့ဘူး အခုပဲစားချင်လာပီ"

*မေမေ*
ဂျီမင်းအံဩသွားတယ် ကိုယ်လိုသားမက်‌‌ေတာင်မှ မေမေယောက္ခမလို့ခေါ်တာကို သူကဘာကိစ္စမေမေတုန်း ထမင်းမစားဖူးလားမသိဘူး ငတ်နေလိုက်တာမြင်မကောင်း ဟွန့်

စိတ်ထဲမှာသာတွေးပီး စိတ်တိုနေမိသည်

"ဂျွန် ဂျွန် ရှင်းဟွာက ဂျွန့်မေမေကို မေမေလို့ခေါ်လို့ အံ့ဩနေတာထင်တယ်ရှင်းဟွာရြဲမေမေက ရှင်းဟွာငယ်ငယ်လေးထဲကဆုံးသွားတော့ မေမေလို့တစ်ခါမှ နွေး"ထွေး" မခေါ်ဖူးလို့ ဂျွန့်မေမေဆီမှာ မေမေ့လို့ခေါ်ခွင့်တောင်းထားတာပါ"

အလှလေးရဲ့မှုပိုင်ရှင်🌼(အလှလေးရဲ့မှုပိုင်ရှင်🌼)Where stories live. Discover now