Parr-21🌼

1.3K 188 13
                                    

Unicode ✅✅

ဂိုဂူလျောအထင်ကရ ဖြစ်တဲ့ အန်ဆန်းတောင်ဆိုတာနဲ့ မသိသူမရှိ ထင်ရှားသော တောင်တန်းတစ်ခုဖြစ်တယ် တောင်ခြေနားတွင် ရွာငယ်များရှိသော်လဲ လူဦးရေနည်းပါးလွန်းတယ် တခြားမြို့ရွာများအတော်အလှမ်းဝေးလွန်းတာကြောင့် လမ်းခရီးလဲ သိပ်မတွင်တာမို့ ရွာမှာ ပြောင်းရွေ့သူတွေက တစ်နှစ်ထက်တစ်နှစ်ထိုရွာမှ ပြောင်းရွေ့သွားတွေသာ များများလာတယ် ရွာရဲ့တောင်ထက်မှာ အဘိုးအိုတစ်ယောက်ရှိတယ်တဲ့ ထိုရွာသားများကပြောကြတယ် အဘိုးအိုက သူစိတ်အလိုမကျရင် သူအနားရှိတဲ့သူမှန်သမျှကို တုတ်ကောက်နဲ့လိုက်ရိုက်တာဆိုတဲ့ အကြောင်းကို ကြားပီးရော ၃ယောက်သားတောင်ခြေမှာတင် တစ်နေကြတာ ခေါင်းစားနေခဲ့ကြသည်

"Joonie Hyungက ကျွန်တော်တို့ထဲမှာ အကြီးဆုံးပဲ hyungရှေ့ကသွား"

"ဘာဆိုင်လို့လဲ မရဘူး အတူတူသွားမယ်"

"Hyungကြောင့်ဖြစ်တာလေ ကိုယ့်အပြစ်ကိုယ်မသိဘူး"

"ရားးး ကင်ထယ်ယောင်း မင်းငါ့ကိုပြန်ပြောနေတာနော် ငါဟိုကိုပြန်ရောက်ရင် မင်းဟိုတစ်နေ့က မြောက်ပိုင်းသူဂါအွန်းကို သွားပီးပိုးပမ်းစာပို့ နေတာကို ဟိုဆော့ဆီသွားပြောပစ်မှာနော်"

"ဟာ joonie Hyungကလဲ အက်တာ ဂန်ဝူကအစားပေးခိုင်းတာ မြင်းပွဲမှာရှုံးတော့ ကျွန်တော်ပေးတာမှမဟုတ်တာကို"

"ဘာပဲဖြစ်ဖြစ် မင်းပေးတာပဲမြင်တာ သွားပြောပစ်မှာ"

"ဟိုလေ တူတူပဲသွားကြမယ်နော် joonie Hyung ဟျောင့် Jungkookလာသွားမယ် joonie Hyung ဘီဘီလေးကိုသွားမပြောရဘူးနော်"

"မင်းငါ့အပါ်ကောင်း"ဆက်ဆံ မဟုတ်ရင်သွားပြောပစ်မှာ"

မျက်နှာလုံးလုံးလေးအားဆူပုတ်ကာ အရှေ့ကနေ ဆောင့်အောင့်ပီးထွက်သွားသော ထယ်ပေါက်စလေးရယ်ပါ။

အဘိုးအိုအိမ်ရှေ့ရောက်တော့ တကယ်ကိုလုံးဝအိမ်အိုကြီးဖြစ်တာမို့ အိမ်ထဲဝင်ဖို့က တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့ကြတယ်

ဂျွတ်

မြောင်~~~~~

အိမ်အိုကြီးရှေ့က ဘူးသီးခြောက် ရေခွက်အား တက်နင်းမိလိုက်ခြင်းကြောင့် အိမ်ရှေ့ ကွပ်ပစ်တွင် အိပ်နေသော ကြောင်မဲမဲကြီးမှ ထအေယ်သံဟာ စိတ်ခြောက်ခြားဖွယ်ရာအတိ။

အလှလေးရဲ့မှုပိုင်ရှင်🌼(အလှလေးရဲ့မှုပိုင်ရှင်🌼)Where stories live. Discover now