Unicode ✅✅
တစ်နေ့တစ်နေ့ အိမ်မှာပဲ အချိန်ကုန်နေလို့ဆိုပီး မေမေယောက္ခမကြီးက အိမ်ခေါ်ပီး နေခိုင်းနေတာ တကယ်ကိုစိတ်ညစ်ဖို့ကောင်းတယ် လွတ်"လပ်" လဲမနေရဘူး စိတ်ကျဉ်းကျပ်လွန်းတယ် ဟူးးး
သက်ပြင်းလေးချကာ ခေါင်းလေးငုံနေသောသူကို ဘေးနားတွင် ချည်လုံးထိုးနေသော ယောက္ခမဖြစ်သူမှ
"သားမက်ပတ် ပျင်းနေပီလား"
"ဟင် မပျင်းပါဘူး မေမေယောက္ခမ"
မပျင်းဘူးသာပြောလိုက်တာ လူကအငွေ့ပျံချင်နေပီ
"နာဘင်း"
"ဟုတ်ကဲ့ သခင်မကြီး"
"သားမက်ပတ်ကို ခြံဝင်းထဲက ပန်းသီးခြံထဲခေါ်သွားလိုက်"
အပြင်ကိုခေါ်သွားခိုင်းဆိုတဲ့အသံလဲကြားကော မျက်နှာလေးချက်ချင်းမော့ကာ အပြုံးများချက်ချင်းကိုပင် ဝေဆာလာသော မင်ပေါက်စ ပါလေ
နာဘင်းနဲ့အတူ ခြံဝင်းကြီးထဲက ပန်းသီးခြံခင်းထဲကိုရောက်လာခဲ့တယ်
အရမ်းကို ကြီးမားပီး စိုပြေလက်ဆက်တဲ့ နီရဲတွတ်နေတဲ့ ပန်းသီးတွေဟာ သိပ်ကိုလှပနေရော"ဒီပန်းသီးခြံကြီးကို သခင်မကြီးကိုယ်တိုင် ပြုစုပျိူးထောင်နေတာ အခုချိန်ထိပဲလေ"
"ဝါးး တကယ်အရမ်းမိုက်တယ်"
ပန်းသီးကြီးတွေကို မထိတထိကိုင်လိုက် သဘာတကျ ရယ်လိုက်နဲ့ မိုးပြာရောင်ဝတ်စုံလေးနဲ့ အလှငယ်ဟာ ချစ်စရာကောင်းနေခဲ့တယ်
"ဟို၂ယောက် လာခဲ့တော့ မိုးတွေအုံနေပါပီရော မဟုတ်လား လာခဲ့ကြ"
"ဟင့် ထူးဆန်းလိုက်တာ ဆောင်းဦးတောင်ရောက်နေပီကို မိုးတိမ်တွေက အတော်အုံ့နေတာပဲ "
"သခင်သေးသေးလေး အထဲဝင်ကြရအောင်"
"ဘာ ဘာ နင်ဘယ်လိုခေါ်လိုက်တယ် ဘာတုန်းသခင်သေးသေးလေး"
"ရှင်! ဟို...ဟိုလေ..."
"နောက်ခါအက်လိုခေါ်ကြည့်ဂျောင်ကုကိုခေါ်ပီး ကြိမ်ဒဏ်ပေးခိုင်းပစ်မယ်"
"မလုပ်ပါနဲ့သခင်လေးရယ် တောင်းပန်ပါတယ်"
"လာသွားမယ်"

YOU ARE READING
အလှလေးရဲ့မှုပိုင်ရှင်🌼(အလွေလးရဲ႕မႈပိုင္ရွင္🌼)
FanfictionUnicode ✅ "အကို ချစ်လားလို့" "ချစ်ဘူး မင်းကအရမ်းသဝန်တိုတာ မုန်းတယ် ယုန်လူဆိုးကြီး ဟွန့်" "အကိုကလဲချစ်လို့သဝန်တိုလေဗျာ" Zawgyi ✅ "အကို ချစ်လားလို့" "ချစ်ဘူး မင်းကအရမ်းသဝန်တိုတာ မုန်းတယ် ယုန်လူဆိုးကြီး ဟွန့်" "အကိုကလဲချစ်လို့သဝန်တိုလေဗျာ" Start- 7.8.2...