လွင်ပြင်ငယ်(အဆိပ်ဆူး)
အချစ်ကိုခင်ဗျားဘယ်လိုနားလည်လဲဆိုတာကျွန်တော်မသိဘူး...ကျွန်တော့်အတွက်အချစ်ဆိုတဲ့အရာကခံယူချက်နှစ်ခုဘဲရှိတယ်..တနည်းအားဖြင့်လိုအပ်ချက်နှစ်ခုပေါ့..
ပထမတစ်ခုကကိုယ်ကသူ့ကိုချစ်နေဖို့နဲ့ဒုတိယတစ်ချက်ကသူကကိုယ့်ကိုချစ်တတ်ဖို့...ဒါဘဲလိုတာ...
အတိတ်မှာဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ အနာဂတ်မှာဘာတွေဘဲဖြစ်လာပါစေကျွန်တော်ဂရုမစိုက်ဘူး...
ကျွန်တော့်အတွက်အရေးကြီးတာက အခုလက်ရှိကာလမှာခင်ဗျားနဲ့တူတူနေ့ရက်တိုင်းကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရဖို့ဘဲ...
ကျွန်တော်ကတောင်ခင်ဗျားအတွက်အရာရာကိုကျောခိုင်းရဲသေးတာဘဲ..ခင်ဗျားကရော..ဘာကြောင့်ကျွန်တော့်အတွက်မစွန့်စားကြည့်တာလဲ...
အခုထက်ထိသတ္တိကြောင်နေတုန်းလားကိုကို...
မေးချင်တာတစ်ခုရှိတယ်...ကိုကို ကျွန်တော့်ကိုတကယ်ရောချစ်ရဲ့လား....
ကိိုကိုချစ်ချစ်မချစ်ချစ်ပါ ကျွန်တော့်အတွက်တော့ဘာမှပြောင်းလဲမသွားဘူး....ဘာလို့ဆို အစကတည်းက ကျွန်တော့်ဘဝ..ကျွန်တော့်ရဲ့အသက်ဝိဉာဥ◌် ကို ကိုကိုတစ်ယောက်တည်းရဲ့အပိုင်အဖြစ်သတ်မှတ်ထားလို့....
ကျွန်တော်ကငယ်ငယ်ထဲကအစွဲလမ်းသိပ်ကြီးတယ်ဗျ.....
ကိုကိုဟာကျွန်တော့်အပိုင်ပါလို့ခဏခဏပြောနေလို့ကိုကိုသိပ်စိတ်မညစ်နဲ့နော်....ကြောင်တောင်တောင်နိုင်မှန်းသိပေမဲ့ ကျွန်တော်ကိုကို့ကိုချစ်တာကိုပြောပြဖို့ဒီတနည်းဘဲကျွန်တော်စဥ◌်းစားမိလို့...
ကျွန်တော့်ကိုလည်းကိုကိုဘဲပိုင်တယ်...
ကိိုကိုကလွဲလို့ကျွန်တော့်ကိုဘယ်သူမှမပိုင်စေရဘူး...
မတတ်နိုင်ဘဲကျွန်တော့်ဘဝသူများလက်ထဲရောက်သွားရင်တောင်အဲ့လူစီကနေ ကျွန်တော်ထွက်ပြေးမှာဗျ...ထွက်ပြေးလို့မရရင်လည်းကျွန်တော့်ဘဝကိုအဆုံးစီရင်ဖို့အထိတွေးထားပြီးသား...ကျွန်တော်အဲ့သည်လောက်တောင်ကိုကို့ကိုချစ်ခဲ့စွဲလမ်းခဲ့တာပါ...
YOU ARE READING
SOUL(Completed)