Kaung Thway Nge POV(Unicode+Zawgyi)

49 5 4
                                    

(songလေးနဲ့ခံစားဖတ်ပေးပါရှင့်)😇
နာကြင်ခဲ့ဖူးတယ်....

ကြိမ်ဖန်များစွာဘယ်သူမှမသိအောင်တိတ်တိတ်ကလေးငိုကြွေးခဲ့ရဖူးတယ်....

တချိန်ချိန် တော့များကိုယ့်စေတနာတွေသာစစ်မှန်ခဲ့ရင်တဖက်သူကိုယ့်အပေါ်အကောင်းမြင်ပေးလာမှာဘဲလို့စိတ်ကူးယဥ်ကြည့်ဖူးတယ်....

သိပ်ချစ်ဖို့ကောင်းပြီးသူများတွေအားကျရတဲ့မိသားစုဘဝလေးကိုမျှော်လင့်ခဲ့ဖူးတယ်....

စိတ်ဓာတ်တွေကျတိုင်းတစ်ယောက်တည်းနှစ်သိမ့်ပေးဖူးတယ်....

ကြားထဲမှာအဖြစ်အပျက်တွေအများကြီးဘဲဖြစ်ပျက်ခဲ့တယ်....

ငယ့်ရဲ့စိတ်ကူးယဥ်အိမ်မက်တွေကတကယ်တော့တကြိမ်လေးမှတောင်မပြည့်ခဲ့ပါဘူး...မတော်တဆလေးတောင်မှပေါ့.....

လေထဲမှာတိုက်အိမ်ဆောက်နေရသလိုပါဘဲဗျာ

တခါတလေများတွေးမိတယ်.....

လောကကြီးကကိုယ့်တစ်ယောက်တည်းများကွက်ပြီးရက်စက်ပြန်တာလားလို့......

ပင်ပန်းတယ်.... သိပ်ကိုပင်ပန်းခဲ့တာပေါ့.....

စိတ်တွေပင်ပန်းလွန်းလို့ဒီကြားထဲအိပ်ယာထဲလဲခဲ့ရတာအကြိမ်ကြိမ်ပါ....

အဆင်မပြေလဲဟန်ဆောင်ပြီး လိမ်ညာခေါင်းငြိမ့်ဖြေရတာလည်းမောလှပြီ....

ဟန်ဆောင်ပြုံးရတာလည်းပင်ပန်းလှပြီဗျာ....

ငယ်လက်လျှော့ချင်ပြီ....

ငယ်အရာရာကိုလက်လျှော့ပြီးဟိုးအဝေးကြီးကိုထွက်သွားလိုက်ချင်ပြီ.......

တကယ်ပါ....

ငယ့်ကိုကတိတစ်ခုတော့ပေးပါလားဗျာ......

ငယ်ထွက်သွားတော့မှာမို့ငယ့်ကိုလိုက်မရှာဘဲနေပေးပါလားခင်ဗျားတို့ရယ်.....

ငယ်အရာရာကိုကျောခိုင်းပြီးရင်နာနာနဲ့အဝေးကြီးကိုထွက်သွားပြစ်ချင်လို့ပါ.....

ငယ့်ကိုခွင့်လွှတ်ပါကိုကို.....

သား....ကောင်းလေးကိုလည်းငယ်မမုန်းဘူးဆိုတာလေးသိစေချင်ရဲ့.....

SOUL(Completed)Where stories live. Discover now