'တီ..တီ...တူ.....'
ဟူး....ကိုင်စမ်းပါကွာ..ဟင်း.....
ငါ့မှနောက်ဆုံးမျှော်လင့်စရာ..အားကိုးစရာဆိုလို့မင်းဘဲရှိတော့တာနေညီလရာ....
'ဟဲလို......'
'ဟဲ...လို....နေညီလ....မင်းလား..?'
'Boss...ဟုတ်..ကျွန်တော်ပါ..ပြောပါခင်ဗျ့..ကျွန်တော်ဘာလုပ်ပေးရမလဲ...?'
'မင်းငါဖုန်းဆက်နေတာကြာလှပြီ...ဘာလို့အခုမှကိုင်ရတာလဲကွာ.....'
'ဟို...ဖုန်းကအလုပ်ထဲမှာရောက်နေတော့အသံပိတ်ထားမိလို့ပါBoss..'
'နောက်ခါအဲ့လိုမလုပ်နဲ့..အရေးအကြောင်းဆိုငါဆက်ရင်အချိန်မှီကိုင်စမ်း...နောက်ခါဆိုဖုန်းကိုကိုယ်နဲ့မကွာဆောင်ထားစမ်း....'
'ဒါပေမဲ့.....'
'ဘာလဲ..?'
'Bossဘဲအရင်ကအလုပ်ချိန်ဆိုဖုန်းမကိုင်ရဘူး...ဖုန်းတောင်အသံပိတ်ထားဖို့ပြောတာမဟုတ်ဘူးလားဗျာ..?'
'အဲ့..အဲ့တာကအရင်ကကွာ...ခုကအခု..အတိတ်နဲ့ပစ္စုပ္ပန်ကတခြားစီ..ငါကခုဒါဆိုဒါလိုက်..အထွန့်မတက်နဲ့.....'
'သူဘဲအညိုးညိုး..'
'ဟိတ်ယျောင်...မင်းဘာတွေမပီမသပြောနေတာလဲ...'
'အော်..ဟီး..ဘာမှမဟုတ်ပါဘူး...နောက်ခါကြဖုန်းကိုသတိတရနဲ့သွားလေရာယူသွားမယ်ဆိုပြီးကိုယ့်ဘာသာသတိပြန်ပေးနေတာပါBoss...'
'ဟင်း...ဒါနဲ့မင်းအားလားခု..?'
'ဗျာ..ဟို...အဲ့တာက...မ..မအားလောက်....'
'မအားလည်းအားအောင်လုပ်ပြီးငါ့အိမ်သွားစမ်း....'
'ဗျာ....ဘာလို့လဲဟင်....?'
'ငါစိတ်ပူလို့..ဘာလို့လဲမသိဘူး..ရင်ထဲမှာမွမ်းကြပ်ကြပ်နဲ့..ဒါကြောင့်သေချာအောင်မင်းကိုအိမ်ရဲ့အခြေအနေသွားကြည့်ခိုင်းတာ....'
'Bossကပြန်မလာသေးဘူးလား...?'
'ဒီမှာကကိစ္စလေးတွေလုပ်ဖို့ကျန်နေသေးလို့....တစ်ရက်နှစ်ရက်လောက်တော့ကြာဦးမယ်ထင်တယ်ကွာ...'
YOU ARE READING
SOUL(Completed)