Chapter4(Unicode+Zawgyi)

119 9 0
                                    

'ကိုကို....ငယ်သိတယ်...ငယ်သိနေတာ..ကိုကိုမသေသေးဘူးဆိုတာ....ပါးတို့ကမယုံဘူးကိုကိုရ....ဟား..ဟား...'

'ဒီမှာ.....ကလေး...မင်းအကို့ကိုဘာတွေလာပြောနေတာလဲ..??'

'ကိုကိုကတော့နောက်ပြီဗျာ....ကိုကိုငယ့်ကိုမေ့ချင်ယောင်ဆောင်ပြီးငယ့်ကိုနောက်နေတာမလား...ဟ..ဟ...တခြားသူကိုဘဲကိုကိုလုပ်လို့ရမယ်နော်..အဲ့ထဲမှာငယ်မပါဘူးကိုကိုရ......'

ပြောပြောဆိုဆိုနဲ့ကျွန်တော့်ခါးကိုလာဖက်ပြန်တဲ့သူ့လက်တွေ...

'ကလေး....ဖယ်....မင်းခုလိုအကို့ကိုမလုပ်သင့်ဘူး....'

'ဘာကိုမလုပ်သင့်တာလဲကိုကိုရ....အရင်တုန်းကလည်းကိုကိုငယ့်ကိုဖက်ဖူးတာဘဲကို...'

'တောင်းပန်ပါတယ်..အကိုပြောပြီးသား..မင်းလူမှားနေပြီထင်တယ်...မင်းရှာနေတဲ့သူကအကိုမဟုတ်ဘူး....အကိုမင်းကိုမသိဘူး.....'

'ကိုကို......ကိုကိုဘာဖြစ်နေတာလဲ....??'

'မင်းလက်တွေအကို့ပေါကဖယ်ပေးသင့်တယ်.....ဘေးမှာနွယ်လေးရှိတယ်..'

'ဟင့်အင်း....ငယ်မဖယ်ပေးနိုင်ဘူး...ငယ်ကိုကို့ကိုလွမ်းနေခဲ့တာ...ခဏတော့ဖက်ပါရစေ...'

'ကျစ်......အကိုကောင်းကောင်းပြောနေတာနော်.....ဖယ်ပေးလို့..ဘေးကအကို့ချစ်သူကိုတော့မင်းအနည်းဆုံးအားနာသင့်တယ်.....'

ကျွန်တော်စိတ်တိုတိုနဲ့ပြောမိတော့ သူလေးကိုယ် သိမ့်ကနဲတုန်သွားတာတော့ ကျွန်တော့်မျက်ဝန်းထောင့်ကမြင်လိုက်သေး....

နောက်တော့ ကျွန်တော့်ခါးပေါက သူ့လက်တွေကိုဖယ်ပေးလိုက်ပြီးအဲ့အစား ကျွန်တော့်အကျီစအနားကိုဆွဲဆုပ်ရင်း မျက်နှာငယ်လေးနဲ့ကြည့်နေပြန်ပါသည်....

'ကိုကို.....ငယ်...ငယ်က.....ကိုကို့ကိုစိတ်ဆိုးစေဖို့မရည်ရွယ်ပါဘူး.....'

'ကလေး...ဟင်း....အကိုမင်းကိုဘယ်လိုပြောရမလဲမသိတော့ပါဘူးကွာ...ဒါပေမဲ့အားနာနာနဲ့ဘဲအကိုပြောပါရစေ.....မင်းရှာနေတဲ့သူကအကိုမဟုတ်ဘူး....'

SOUL(Completed)Where stories live. Discover now