ဆေးရုံကဖုန်းဝင်လာတယ်....
ငယ်ကိုင်ဖို့ကြောက်နေမိတယ်.....
နောက်ဆုံးရှိသမျှသတ္တိလေးမွေးပြီးဖုန်းကိုင်မိတယ်....
'ဟဲ....လို....'
'လွင်ပြင်ငယ်လားမသိဘူးရှင့်.....'
'ဟုတ်...ဟုတ်ပါတယ်....ကျွန်တော်ပါ.....'
'အင်း...ရှင့်လူနာလေ.....'
'ကို...ကိုကိုအဆင်ပြေရဲ့လား...?ကျွန်...ကျွန်တော်......'
'ကိုကောင်းခန့်ရှိန်သာသတိရလာပြီ.....'
'ဗျာ.......ကို..ကိုကိုကသတိရလာပြီ.....သူအဆင်ပြေတယ်မို့လား...?'
'သူရှင့်ကိုလိုက်ရှာနေတယ်...အခန်းထဲမှာရှင့်ကိုမတွေ့လို့ဆိုပြီးသောင်းကျန်းနေလို့အဆင်ပြေရင်ဆေးရုံကိုလာပေးလို့ရလားရှင်.....'
'ဟုတ်....ငယ်..ငယ်ခုလာခဲ့ပါ့မယ်.......ဒါဘဲနော်..........ကျေးဇူးပါ...ဖုန်းဆက်ပေးလို့.......'
'..........................တူ..................'
ကိုကိုကငယ့်ကိုမတွေ့လို့သောင်းကျန်းနေတယ်တဲ့......
ကိုကို....ကိုကို....ခဏလေးစောင့်ပေးပါ...ငယ်ကိုကို့စီလာနေပြီမို့....
.
.
.
'ဟူး.....ဟင်း.......'
ကိုကို့စိတ်နဲ့ပြေးလာမိတာ...ကိုကို့အခန်းရှေ့ရောက်မှငယ်အသက်ကိုရှိုက်ရှူမိတယ်.....
တံခါးခပ်ဟဟဖွင့်ထားတဲ့ကိုကို့အခန်းကိုငယ်မဝင်ခင်တံခါးကိုလက်နဲ့အဆုံးစွန်ထိတွန်းပစ်လိုက်တယ်......
'ကို....ကိုကို.......'
အိပ်ယာပေါ်မှာနောက်မှီထိုင်နေတဲ့ကိုကိုဟာငယ့်အသံကိုလည်းကြားရောပြုံးပြီဂငယ့်ကိုကြည့်သတဲ့.....
YOU ARE READING
SOUL(Completed)