Chapter41(Unicode+Zawgyi)

125 8 18
                                    

ကျွီ......ဒုန်း!!!!

'အ့...........'

'ငယ်လေး...!!!!!!!!ငယ့်..........'

'ပါး............'

အရှိန်နဲ့တိုက်ချလိုက်တဲ့ကားကြောင့်ငယ့်ကိုယ်လေးဟာလမ်းဘေးရဲ့အဝေးတနေရာကိုလွင့်ထွက်သွားတော့တာပေါ့....

ငယ့်ကိုတိုက်လိုက်တဲ့ကားကတော့တချက်တောင်လှည့်မကြည့်ဘဲအဝေးကိုအပြေးလေးထွက်သွားလိုက်ပြီ.....

သွေးအိုင်ထဲလဲနေတဲ့ငယ့်အနားကိုအမောတကောနဲ့ရောက်လာတဲ့သူက ကိုကို....

မျက်ရည်တွေအဆက်မပျက်ကျနေတဲ့ကိုကိုကငယ့်ကိုရင်ခွင်ထဲထည့်ပွေ့ရင်းတသိမ့်သိမ့်ငိုရှာပြန်ရော......

သွေးထွက်ထားတာကြောင့်ငယ့်အားအင်တွေယုတ်လျော့နေပေမဲ့ငယ်ကိုကို့မျက်နှာနားကိုရှိတဲ့အားလေးနဲ့လက်လှမ်းမိတော့ကိုကိုကငယ့်လက်ကိုသူ့လက်တစ်ဖက်နဲ့ဆုပ်ကိုင်ပြီးသူ့ပါးနဲ့ထိကပ်ပေးထားလေရဲ့....

'ကို..ကို.....'

တိုးလျတဲ့အသံလေးနဲ့ကျွန်တော့်ကိုခေါ်ရှာတဲ့ငယ်....

သွေးအလိမ်းလိမ်းနဲ့ငယ့်ကိုကြည့်ပြီးကျွန်တော့်ရင်ထဲမကောင်းလိုက်တာဗျာ....

'တောက်!!!ဒီလူတွေကွာ.....သေအောင်သတ်ပြစ်မယ်....!!'

'တော်...တော်ပါတော့ကိုကို.....တော်.......ပါ....တော့.......မ...လုပ်ပါနဲ့.....'

'ငယ့်....ဟာကွာ......ကျစ်......'

'အဟွတ်....အဟွတ်.....'

'ငယ်လေး...ငယ်...ငယ်......'

ချောင်းဆိုးတိုင်းမောလာတဲ့ငယ့်ကြောင့်ကျွန်တော့်ရင်တွေထိတ်လာရသည်......

'ခဏလောက်တောင့်ပေးနော်ငယ်...ကိုကို နေညီလကိုဆရာဝန်ခေါ်ခိုင်းထားတယ်...မကြာခင်လာတော့မှဦနော်...ငယ်လေးသက်သာသွားမှာပါ...နော်..ငယ်....ကိုကို့ကိုမထားသွားဘူးမို့လား.....'

ရင်ခွင်ထဲတိုးတင်လာတဲ့သူလေးကြောင့်ကျွန်တော်တိုးလို့ပင်ဖက်ထားမိသည်......

'သား......သားရော......ကို...ကို.....ငယ့်ကောင်း......လေး......'

'သား?'

SOUL(Completed)Where stories live. Discover now