'နွယ်ကူညီပေးနိုင်ပါတယ်.....'
'မင်းဘာကိုပြောချင်တာလဲ....?အကိုနားမလည်ဘူး....'
'နွယ်အကိုတို့လိုချင်တဲ့ကလေးကိုလွယ်ပေးချင်ပါတယ်.......နွယ့်ကိုဒီတစ်ခုတော့ခွင့်ပြုပေးပါ.....အကို......'
'ဟင်........'
'အင်း....ဟုတ်တယ်အကို...နွယ်.....နွယ်အကိုနဲ့မောင်လေးအတွက်အငှားကိုယ်ဝန်ဆောင်ပေးချင်ပါတယ်အကို........နွယ့်ဆန္ဒလေးကိုဖြည့်ဆည်းခွင့်ပေးပါ........'
'ဒီ....ဒီကိစ္စက.......အကိုတစ်ယောက်တည်းဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူး.......ငယ်နိုးလာရင်ငယ်နဲ့တိုင်ပင်ရဦးမယ်......'
'ဟုတ်တော့ဟုတ်ပါတယ်အကို..ဒါပေမဲ့........နွယ်တခြားတော့မဟုတ်ပါဘူး..စေတနာသန့်သန့်နဲ့ကူညီပေးချင်ယုံပါ....'
'အင်း...ခက်တော့ခက်ပြီ.....မင်းစေတနာကိုအကိုနားမလည်လို့ပြောနေတာမဟုတ်ဘူး...ခုကလေးကိစ္စကထင်သလောက်မလွယ်...........'
'ကိုကို......ဘယ်ကကလေးလဲ...?'
ကျွန်တော်နဲ့မြလေးနွယ်နဲ့စကားပြောနေတုန်းအသံကြားလိုက်ရတာမို့ကျွန်တော်တို့နှစ်ယောက်လုံးငယ်ရှိရာကုတင်ပေါ်ကိုသာအကြည့်တို့ကိုပို့မိတော့သည်.....
ငယ်ဟာကုတင်ပေါ်ကနေအတင်းထထိုင်ဖို့လုပ်နေတာကြောင့်ကျွန်တော်ကဘဲငယ့်စီခပ်မြန်မြန်ပြေးသွားလိုက်ရပြီးငယ်ထိုင်ရအဆင်ပြေအောင်ကုတင်ခေါင်းရင်းကိုခေါင်းအုန်းလေးထောင်ပေးရင်ထိုင်ရတာအဆင်ပြေအောင်လုပ်ပေးမိသည်......
'ငယ်.....ငယ်ဘယ်တုန်းကနိုးနေတာလဲ...?ဘာလို့ကိုကို့ကိုလှမ်းမခေါ်ဘဲကောက်ခါငင်ခါကြီးထထိုင်ရတာလဲကွာ......'
'ကိုကို.......'
'အင်း......'
'ကိုကိုစောနကဘာတွေပြောနေတာလဲ....?'
'ဟင်...ဘာမှမဟုတ်ပါဘူးငယ်ရယ်......'
'ဟုတ်တယ်...ငယ်မှတ်မိတယ်...ကိုကိုနဲ့မမနွယ်တို့ကလေးအကြောင်းကိုပြောနေကြတာ.....'
'ငယ်နားကြားလွဲတာနေမှာပါ.....'
'မဟုတ်ဘူးကိုကို...ငယ်သေချာကိုကြားလိုက်တာ....ကိုကိုတို့ပြောနေကြတာ.....ဘာလဲ..ကိုကိုကငယ့်ကိုရူးနေတယ်လို့ထင်နေတာလား...?'
YOU ARE READING
SOUL(Completed)