Chapter9(Unicode+Zawgyi)

96 6 0
                                    

နွယ်ဆိုတဲ့မိန်းမကမင်ဂလာပွဲပျက်သွားတဲ့နေ့ကကိုကို့ကိုရိုက်နှက်ပြီးသောင်းကြန်းခဲ့တယ်တဲ့...

ဒါငယ်နိုးနိုးချင်းမှာဘဲတီတီ့စီကကြားလိုက်ရတဲ့သတင်း....

ကိုကိုရေချိုးပြီးထွက်လာတော့ကိုကို့ရင်ဘတ်ပေါမှာတွေ့လိုက်ရတဲ့လက်သည်းရာတွေကငယ့်နှလုံးသားတစ်ခုလုံးကိုစုတ်ဖြဲပစ်လိုက်သလိုပါဘဲ...

ငယ်တောင်ချစ်လွန်းလို့မထိရက်မကိုင်ရက်ဖြစ်နေရတဲ့ကိုကို့ကိုလေ..ဒင်းက....ကျစ်....စဉ်းစားရင်းနဲ့တောင်တအားစိတ်တိုတယ်.....

လက်သီးကိုကျစ်နေအောင်စုတ်ပြီးစိတ်ကူးထဲမှာတော့အဲ့မြွေဟောက်မကိုနည်းမျိုးစုံနဲ့သတ်ပြီးနေတာအကြိမ်ကြိမ်....

ကိုကိုအနားရောက်လာတော့မှငယ်ကိုယ့်စိတ်ကိုယ်ကိုပြန်ထိန်းရတဲ့အဖြစ်....

'ကိုကို.....မောနင်း...'

'မနှုတ်ဆက်နဲ့..မင်းကိုမြင်ရတာကငါ့အတွက်မင်ဂလာမရှိဘူး.....'

ကိုကိုပြောစကားကြောင့်မျက်နှာခဏတော့ပျက်သွားပေမဲ့ကိုကို့ရှေ့မို့အပြုံးလေးနဲ့ပြန်ထိန်းရပြန်သည်....

'ကိုကို....ရေချိုးပြီးပြီမလား..အာ..မေ့နေလိုက်တာ..ငယ်အကျီထုတ်ပေးရမှာပေါ့....'

'မလိုဘူး....မင်းလုပ်စရာရှိတာသာအရင်လုပ်..ပြီးရင်အောက်ဆင်းလာခဲ့....ငါမင်းကိုပြောစရာရှိတယ်...'

'ဟုတ်..ဟုတ်ကဲ့ကိုကို...ငယ်မျက်နှာသစ်သွားတိုက်ပြီးတာနဲ့ချက်ချင်းဆင်းလာပါ့မယ်....'

ကိုကို့ကိုပြောပြီးတာနဲ့အပြုံးတွေကိုစိတ်လိုလက်ရကိုကို့ထံစွန့်ကြဲမိပြီးရေချိုးခန်းထဲပြေးဝင်ပြီးလုပ်စရာရှိသည်များကိုတန်းစီလုပ်ရတော့သည်...

ပြီးတာနဲ့ပွယောင်းယောင်းဖြစ်နေတဲ့ဆံပင်တွေကိုလက်နဲ့သာသာဖိချရင်းဝတ်ထားတဲ့အကျီနဲ့ဘောင်းဘီကိုလည်းပြင်ရသေးသည်....

SOUL(Completed)Where stories live. Discover now