Chapter3(Unicode+Zawgyi)

141 11 2
                                    

ချစ်ခြင်းရဲ့ နောက်ကွယ်မှာ ဖြတ်မရနိုင်တဲ့ နှောင်ကြိုးတွေ အပြင် အတားအဆီးမရှိတဲ့ အိမ်မက်ဆိုးတွေပါရှိနေတတ်တယ်...

.

.

.

................................

'ဟင်း....'

မျက်နှာပေါကိုကျရောက်နေတဲ့နေရောင်စူးစူးကြောင့် ကောင်းခန့်ရှိန်သာတစ်ယောက် မျက်နှာကိုနေကွယ်ရာဘက်လှည့်ရင်းညည်းညူမိတော့သည်.....

နိုးနေပေမဲ့မထချင်ဘဲဇွတ်အိပ်ဖို့ကြိုးစားမိသော်လည်း အိပ်မရတာကြောင့် စိတ်ရှပ်ရှုပ်နဲ့ ကိုယ့်ပေါင်ကိုသာတချက်ရိုက်မိပြန်သည်...

ကျစ်....စိတ်ရှုပ်လိုက်တာ....

ဟူး........

လေပူတချက်ကိုခပ်ပြင်းပြင်းမှုတ်ထုတ်ရင်း ကားလမ်းအပြင်ဘက်ကိုငေးမိပြန်သည်....

နေရာစိမ်းဖြစ်နေတာကြောင့် ဘယ်နေရာရောက်မှန်းမသိ၍ ဘေးကလူကိုသာလက်တို့မေးမိပြန်သည်...

'ဒီမှာခင်ဗျာ့....'

'ဟုတ်ကဲ့.....ညီလေး...ဘာဖြစ်လို့လဲ...??'

'ကျွန်တော်တို့အခုဘယ်ရောက်နေတာလဲ...??'

'အကိုလဲမသိဘူး......ညီလေး....'

'အော်..အင်း....ရောက်တော့မယ်ထင်တယ်...'

'အင်း....ဟိုရောက်ရင်တော့အကိုတို့တော်တော်တော့ကြိုးစားယူရမယ်ကွာ...ဟိုမှာကအကိုတို့ကမြေခံမဟုတ်တော့လေ......'

'ဟုတ်တယ်အကို.....အင်း...'

'ညီလေးကြည့်ရတာစာတော်မဲ့ပုံဘဲ...အသက်လည်းငယ်မဲ့ပုံ...'

'အင်း....'

'အကိုက၂၈လေ....'

'ကျွန်တော်က၂၁.....'

'အင်း...ညီလေးကဒါဆိုကျောင်းတက်နေသေးတာပေါ့....'

'ဟုတ်.....ခုတော့ခဏနားထားတယ်....'

'ဟုတ်လား...ညီလေး...အကိုကတော့စီးပွားရေးမေဂျာကကျောင်းပြီးတာ...ညီလေးရော....ဘာတက်နေတာလဲ...??'

SOUL(Completed)Where stories live. Discover now