" ဝမ်ရိပေါ် မင်းစာအုပ်ကဘယ်မှာလဲ.."
ဆရာမရဲ့အသံကြောင့်ရိပေါ် ရှိရင်းစွဲခန္ဓာကိုယ်လေးကို ပိုသေးအောင်ကျုံ့ထားမိတယ်...အဲ့ဆရာမကအရမ်းအပေါက်ဆိုးတာ အရမ်းလည်းဆူတယ် ရိပေါ်ဆို အဲ့ဆရာမကိုအရမ်းကြောက်တာမို့လို့ ဘာအမှားမှမလုပ်မိအောင်မနည်းနေနေရတာ...
“ ဝမ် ရိ ပေါ် !!!!!! ”
“ ဗျ ...ဗျာ....ဆ ဆရာမ ..”
ရိပေါ်အတွေးလွန်နေတာမို့ ဆရာမပြောတာကိုမကြားလိုက်ရပေ ...ဆရာမက အသံလည်းအောင်သည်ပြောရမယ် ရိပေါ်ကိုအော်လိုက်တာများ လိပ်ပြာလွင့်သွားပြီလားမှတ်ရတယ်....
“ မင်းက ငါ့ကို မလေးမစားလုပ်တာလား အခုချက်ချင်းအတန်းရှေ့ကိုထွက်လာခဲ့စမ်း..”
ဆရာမရဲ့အသံကြောင့် ရိပေါ်လည်း ကြောက်ကြောက်နဲ့ အတန်းရှေ့ကိုဖြေးဖြေးချင်းထွက်လာခဲ့တော့ စိတ်မရှည်စွာနဲ့စောင့်ဆွဲလိုက်တဲ့ဆရာမကြောင့် ရိပေါ်လက်ဖျံရိုးက မျက်ကနဲနာသွားတယ်
“ အ့ နာ နာတယ်..”
“ နာတာကျတော့ သိတယ်ပေါ့ အိမ်စာလည်းမလုပ် စာအုပ်လည်းမရှိတဲ့ နင့်ကို ငါဘယ်လိုလုပ်သင့်တယ်လို့ထင်လည်းဝမ်ရိပေါ်...”
“အပြစ်ပေးသင့်ပါတယ် ဆရာမ..”
ရိပေါ်ထင်လိုက်တာက ထိုင်ထပဲလုပ်ခိုင်းမယ်ပေါ့ တခြားဆရာမတွေတုန်းကလည်း ထိုင်ထပဲလုပ်ခိုင်းခဲ့တာမို့ အရမ်းတော့စိတ်ပူစရာမလိုဘူးလို့လည်း ထင်မိတယ်...ဒါပေမဲ့အထင်နဲ့အမြင်က လွဲမှားနေကြောင်း ဆရာမကခုံပေါ်တင်ထားတဲ့ ကြိမ်လုံးကို လှမ်းကိုင်လိုက်ချိန်မှာသိလိုက်ရတယ်
ရိပေါ်လိုပဲ တခြားသူတွေလည်း အံ့ဩနေကြတယ် .. သင်္ချာသင်တဲ့ဆရာမက ဘယ်တုန်းကမှကြိမ်လုံးမကိုင်ဘူး ပေတံနဲ့လက်ဆစ်ကိုခေါက်ရင်ခေါက် မခေါက်ရင် ထိုင်ထ လုပ်ခိုင်းတာမျိုးပဲရှိတာ အခုလို ကြိမ်လုံးကိုင်ပြီးရိုက်ဖို့ဆိုတာဝေးသေး ဒါပေမဲ့ အခုတော့...
“အချက် 20 ရိုက်မယ်..ပြီးတော့ အချက်ရေ ထားရမယ် ဝမ်ရိပေါ်...”
အချက်ရေ 20 ဆိုတာ နည်းတဲ့ပမာဏမှမဟုတ်တာ ရိပေါ်စိတ်ထဲကနေ ဘုရားတမိရင်း အင်္ကျီအောက်အနားစလေးကို လုံးခြေနေမိတယ်...