Part >> 21
" စီနီယာက ပျောက်ချက်သားကောင်းလိုက်တာဗျာ ငပင်းဆိုရင် ငိုလိုက်ရယ်လိုက်နဲ့ အရူးကိုဖြစ်လို့ "
" ဟ ! ခွေးကောင် ဘာတွေလျှောက်ပြောနေတာလဲ မဟုတ်ဘူးနော် သူပြောတာမဟုတ်ဘူး "
ရိပေါ်တို့ ကျောင်းကန်တင်းမှာထိုင်ပြီးထမင်းစားနေချိန် ရိပေါ်တို့ဝိုင်းကိုရောက်ချလာတဲ့ စီနီယာဖန်ရှင်းကြောင့် ယွီပင်းမျက်နှာမှာ အပြုံးပန်းတွေကိုဝေလို့ ။ ရိပေါ်မှာလည်း တငိုငိုတရယ်ရယ် ဖြစ်နေတဲ့သူငယ်ချင်းကိုအပီအပြင်ကို ကုန်းဆင်းပေးနေလေရဲ့ ။
" အဟက် ၊ ကိုယ်သိသားပဲ ကောင်လေးတစ်ယောက်ကွာ မနေ့ကကိုယ်ဖုန်းနံပါတ်လည်းရရော ကိုယ့်ကိုဖုန်းဆက်ပြီး ရစ်တာကွာ ၊ ဟော ရစ်လို့လည်းဝရော ငိုပြန်ရော တကယ့်ချီးထုပ်ကောင်လေး ပြီးတော့ "
" စီနီယာ !!!!! "
ဖန်ရှင်းသူ့စကားကြောင့်ရှက်ရမ်းရမ်းသွားတဲ့ကောင်လေးကို အသည်းတယားယားနဲ့ကြည့်နေလိုက်သည် ။ ရှက်နေတာများ ပါးလေးတွေကိုရဲလို့ ဆူပုတ်ပုတ်နဲ့ နှုတ်ခမ်းလည်းထော်ထားပြန်သေးတယ် ။ သူ့အချစ်လေးကတော့ တွေ့ရတဲ့အချိန်အတွင်းသူ့ကိုချွဲဖို့ပြင်ဆင်ထားသလားမှတ်ရတယ် ။
" ဟုတ်ပြီ ဟုတ်ပြီ ၊ မစတော့ဘူးနော် ထမင်းဆက်စားမယ်နော် Ok "
ဖန်ရှင်းကိုမျက်စောင်းတစ်ချက်သာစွန့်ကြဲလို့ ထမင်းဆက်စားနေတဲ့ယွီပင်းကိုကြည့်ကာ ရိပေါ်တစ်စုံတစ်ယောက်ကိုသွားသတိရမိ၏ ။ တစ်ချိန်က ရိပေါ်တို့လည်းသူတို့နှစ်ယောက်လို တီတီတာတာ ချွဲနွဲ့ခဲ့ဖူးတယ်လေ ။ အောက်နှုတ်ခမ်းကိုခပ်တင်းတင်းသာကိုက်လို့ ထမင်းကိုသာဆက်စားနေလိုက်တယ် ။ ယွီပင်းတို့အတွဲကတော့ ကလူကျီစယ်နေကြတုန်း ။
/
/" ဝမ်ရိပေါ် "
ရိပေါ်အတန်းထဲဝင်ဖို့လုပ်တုန်း အနောက်ကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့် သက်ပြင်းချကာလှည့်ကြည့်လိုက်၏ ။
" ဘာကိစ္စလဲ "
" ဟိုဟာ ...ဟို ...ဖြစ်ခဲ့တာတွေအတွက် ငါအနူးအညွတ်တောင်းပန်ပါတယ် ။ မင်းမကျေနပ်သေးရင် ဒူးထောက်ပြီးတောင်းပန်ဆိုလည်း ငါတောင်းပန်ပါ့မယ် ...ပြီးတော့ ငါရှင်းပြချင်တာလေးနည်းနည်းလည်းရှိသေးလို့ "
YOU ARE READING
° Tell Me..! How You HATE ME ? °
Fiksi PenggemarZSWW ZhanYi Unicode Only ( No Zawgyi )