° 07 °

1.6K 154 4
                                    

Part >> 7

2 နှစ်ခန့်ကြာသောအခါ

“ ဝမ်ဝမ် ပစ္စည်းတွေသေချာ ထုတ်နော် ဘာမှမကျန်ခဲ့စေနဲ့..”

“ ဟုတ်ကဲပါ ကြီးကြီးရဲ့ သားက ကလေးမဟုတ်တော့ပါဘူး ပြီးတော့ ကြီးကြီးလည်းပါတာပဲဟာကို..”

“ နှုတ်ခမ်းကို ထော်ထော်ပြီးမပြောစမ်းပါနဲ့ ဝမ်ဝမ်ရယ် ရိုးရိုးပြောလည်းရရဲ့သားနဲ့..”

ကြီးကြီးရဲ့စကားကြောင့် ရိပေါ် သိမ်းလက်စအထုတ်လေးတွေကိုတောင် လွှတ်ချမိတော့မည်အထိ။ ဒီစကားသည် လွန်ခဲ့တဲ့ 2 နှစ်က သူ့ကိုအနိုင်ကျင့်ခဲ့တဲ့လူ ပြောခဲ့တဲ့စကားပင်။ မေ့ချင်သည် စဉ်းစားလေ သတိရလေဖြစ်လာသည် ရှောင်းကျန့်ကို စိတ်ဝင်စားခဲ့သည် ဒါကြောင့် အနိုင်ကျင့်သမျှခေါင်းငုံ့ခံပေးခဲ့သည် ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ရှောင်းကျန့်က ရိပေါ်အတွက် အဆိပ်တစ်ခုနဲ့တူလာသည်။ မုန်းသည် ရှောင်းကျန့်ကို ရိပေါ် အရမ်းမုန်းပါသည်..။

“ ဝမ်ဝမ်..”

“ ဗျ ဗျာ ကြီးကြီး..”

“ မြန်မြန်လုပ်လေကွယ် နောက်ကျရင် ယွီပင်းစောင့်ရတာကြာနေလိမ့်မယ်...”

“ ဟုတ် ဟုတ်ကဲ့..”

ရိပေါ်လည်း ရှောင်းကျန့်အကြောင်းခေါင်းထဲကထုတ်ကာ သိမ်းစရာရှိတာသိမ်းပြီး အိမ်တံခါးကိုအသေအချာပိတ်ကာ ထွက်လာခဲ့သည်..။ 2 နှစ်တောင်ကြာသွားပြီပဲဟာ  ပေကျင်းကိုပြန်ရောက်ရင်တော့ ရှောင်းကျန့်နဲ့ပြန်မဆုံလောက်တော့ပါဘူးနော်...။

///////////////////////////////////

“ ကြီးကြီးတို့ လာ လာ...နောက်ကျတယ်နော် ..”

“ ဟုတ်တယ် ယွီပင်းရေ မင်းသူငယ်ချင်းကြာနေတာနဲ့ပဲ နောက်ကျနေတာ...”

ပေကျင်းကိုရောက်တော့ ယွီပင်းက ကားနဲ့လာကြိုကာ အိမ်ကိုလည်းလိုက်ဖို့ခေါ်တာမို့လို့ နည်းနည်းတော့စရိတ်စက သက်သာသည်။

“ ကြီးကြီးကလည်း သားက ပစ္စည်းတွေကျန်ခဲ့မှာစိုးလို့သေချာစစ်နေတာမို့ကြာတဲ့ဟာကို..”

ရိပေါ်ကမတရားအပြောခံရသလို ခံစားနေရတာမို့ နှုတ်ခမ်းဆူကာ ကြီးကြီးကိုပြန်ပြောလိုက်သည်..။ယွီပင်းနဲ့ ကြီးကြီးကတော့ ရိပေါ်ကိုကြည့်ကာ ရယ်ကြတော့သည်..။

° Tell Me..! How You HATE ME ? °Where stories live. Discover now