Part >> 10
“ ရိပေါ် ကိုယ်နဲ့အတူတူသွားကြမယ်လေ ”
ရှောင်းကျန့်ဟာ ရိပေါ်နဲ့အတူတူကျောင်းသွားဖို့ပြောလာတယ် ရိပေါ်တကယ်မထင်ထားတာက ရှောင်းကျန့်ကဘာလို့ ကားနဲ့မသွားပဲ လမ်းလျှောက်လာရတာလဲဆိုတာ ။
“ ဘာလို့လမ်းလျှောက်တာလဲဆိုပြီးတွေးနေတာမဟုတ်လား ။ အဟက် ... တကယ်က ဝမ်ချောင်ကားအသစ်ဝယ်ထားလို့ဆိုပြီး သူ့ကားကိုလိုက်စီးမယ်ဆိုပြီး အိမ်ကကားကို ထားခဲ့တာ ဝမ်ချောင်တို့အိမ်ရောက်တော့ဝမ်ချောင်ကအစောကြီးကတည်းကထွက်သွားတာတဲ့ သူ့ကောင်မလေးနဲ့ပေါ့။ အဲ့တာနဲ့မနှောင့်ယှက်ချင်တော့လို့ဆိုပြီး ကိုယ့်ဘာသာကိုယ်ပဲလမ်းလျှောက်လာတာ တစ်ခါတစ်လေဆိုတော့ အတွေ့အကြုံရတာပေါ့နော့်..”
“ ရှောင်းကျန့်ကိုလည်းမမေးမိပဲနဲ့ ”
ရိပေါ်ကတိုးတိုးလေးနှုတ်ခမ်းလှုပ်ရုံသာပြောပေမဲ့လည်း နားအရမ်းပါးတဲ့ ရှောင်းကျန့်က ကြားဖြစ်အောင်ကြားလိုက်ပါသေးတယ်။ ရှောင်းကျန့်ကတော့ သူ့အနေနဲ့ ဝမ်ရိပေါ်ကိုဘဲပေါက်လို့ခေါ်တာမထူးဆန်းပါဘူးလို့တွေးမိတယ်။ အေးလေ နှုတ်ခမ်းကို ဒီလောက်ထိဆူထော်ထားမှတော့ ဘဲပေါက်ရုပ်လေးပေါက်နေပြီပေါ့ သဘောတကျတွေးပြီးပြုံးမိကာ ဘေးသို့မျက်နှာလွှဲလိုက်မိသူက ရှောင်းကျန့်ပင်။
ဒီလိုနဲ့ပဲ ရိပေါ်ဟာ ရှောင်းကျန့်နဲ့အတူတူ ကျောင်းဝန်းထဲအထိရောက်လာတယ်။ ယွီပင်းကတော့ အစောကြီးစာကြည့်တိုက်ကိုသွားတယ် တစ်ခြားတော့မဟုတ် စာကြည့်တိုက်က စီနီယာအကိုကြီးကို သွားငမ်းနေတာ။
////////////////////////////////
နေ့လည်ထမင်းစားချိန်ရိပေါ်နဲ့ယွီပင်းကန်တင်းထဲကိုဝင်လာတော့ ဆိုလာရယ် ရှောင်းကျန့်ရယ် ဝမ်ချောင်ရယ်က တစ်ခုခုကိုတိုင်ပင်နေဟန် ခေါင်းချင်းဆိုင်လို့။ တစ်ချက်တစ်ချက် ရှောင်းကျန့်ကမှဲ့လေးအပေါ်တက်သွားသည်အထိပြုံးလိုက်သေးသည်။
“ အဟမ်း ရိပေါ် ထမင်းစားကြမယ် နောက်မှကြည့်ကွာ ”
ယွီပင်းအပြောကြောင့် ရိပေါ်လည်း မျက်နှာလေးရဲကနဲ။
