Part < 3
“သားကျန့် ဟိုတစ်ပတ်က ပါပါး ပေးထားတဲ့မုန့်ဖိုးတွေကကုန်သွားပြန်ပြီလား..”
“ကုန်သွားပြီ ပါပါး သားဘာမှတောင်မသုံးရသေးဘူးကုန်သွားတာ..”
“ ဟုတ်ပါပြီ သားကျန့်ရာ ထပ်ပေးမယ်..ကုန်လည်း ထပ်တောင်း ပါပါးရှာသမျှက သားကျန့်သုံးဖို့အတွက်ပဲ..”
ပိုက်ဆံအိတ်ထဲက ရွှေရောင် ကဒ်လေးကိုထုတ်ပေးလိုက်တော့ ရှောင်းကျန့်အရမ်းပျော်သွားတယ် အထက်တန်းကျောင်းသားပေမဲ့ အသုံးအဖြုန်းအရမ်းကြီးတဲ့ သူ့ကို ပါပါးက မဆူမရိုက်ပဲအလိုလိုက်အကြိုက်ဆောင်ပေးထားတာမို့ သူ့အတွက်က ရေလိုရင်ရေ ရွှေလိုရင်ရွှေပဲ...။
ကားပေါ်ကနေဆင်းပြီး ပါပါးကိုတာ့တာပြကာ ကျောင်းထဲကိုဝင်သွားတယ်..ပါပါးကား ကျောင်းဝန်းထဲကနေထွက်သွားရင် ဝမ်ချောင်ကိုခေါ်ပြီး game ဆိုင်သွားရမယ်... ဟို ဘဲပေါက်လေးကိုတော့ ဒီနေ့တစ်နေ့လွတ်လပ်ခွင့်ပါဦးမယ်..ဘဲပေါက်လေးအကြောင်းတွေးမိတာနဲ့တင် ပြုံးမိသွားသည်
//////////////////////////////
“ရှောင်းကျန့်ရာ ငါစောင့်နေရတာကြာပြီဟ”
“လာပါပြီဟ ခုနကပါပါးက ဂိတ်ဝကဆရာမနဲ့စကားပြောနေလို့ ငါလည်း ပါပါးတို့စကားပြောပြီးတဲ့အထိစောင့်နေရတာဟ..”
“ထားတော့ အခု မင်းပါပါးပြန်ပြီမဟုတ်လား..ငါတို့သွားကြမယ် let's go..”
ရှောင်းကျန့်လည်း ဝမ်ချောင်နဲ့အတူတူ ကျောင်းအနောက်ဖက်အပေါက်ဝကို ဆရာမတွေမတွေ့ခင် အလစ်ပြေးပြီးသွားတယ်...
ဆရာမတွေ တွေ့လို့ ပါပါးကိုပြန်တိုင်ရင် ဒုက္ခပဲလို့တောင်တွေးမိတယ် ပါပါးကအကုန်အလိုလိုက်တယ် ကျောင်းတော့အပျက်မခံတတ်တဲ့ လူစားမျိုး...။
/////////////////////////
“ အာ ..ရိပေါ်လေး 8 နာရီတောင် ထိုးနေပြီ မင်းအဝတ်အစားသွားလဲထားတော့ မင်းသူငယ်ချင်းလာခေါ်ရင်စောင့်နေရမှာစိုးလို့...”
“ ဟုတ်ကဲ့ပါ အန်ကယ်ကျိုး...”
အန်ကယ်ကျိုးက ရိပေါ်အချိန်ပိုင်းလုပ်နေတဲ့ game ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သည်..။ ရိပေါ်တို့သည် အရင်က အရမ်းချမ်းသာသည် ဟိုနေရာကြည့်လဲ Wang gp ကပိုင်တဲ့ မြေတွေ..ဒီနေရာကြည့်လဲ Wang gp ကပိုင်တဲ့ခြံတွေဆိုပြီး လက်ညိုးညွှန်ရာ ရိပေါ်တို့ မိသားစုအပိုင်တွေချည်းဖြစ်တယ်..။ရိပေါ်တို့အိမ်ရဲ့ ပင်မထောက်တိုင်က ပါပါးပင် မာမားကတော့ အိမ်မှာသာနေပြီး အိမ်မှုကိစ္စအနည်းသာလုပ်သည်..ကံမကောင်းစွာပင် ပါပါး အက်စီးဒန့်တစ်ခုကြောင့် ကိုမာဝင်သွားသည့်အချိန်တွင် သာပေါင်းညာစားဆိုတဲ့ လူတွေက ပါပါးဆီက ရှယ်ယာတွေထုတ်ကာ တစ်ခြားသူဆီမှာသာသွားပြီး ရှယ်ယာဝင်ကုန်ကြသည်...။
