Part >> 18
" ဒီတစ်နှစ်ပြီးရင်လား ..."
" ဟုတ်တယ် ကိုယ်သွားရမှာ ဟူးးး "
ရှောင်းကျန့်ကကန်တင်းမှာ ရိပေါ်တို့နဲ့ထမင်းစားနေရင်း နိုင်ငံခြားမှာ ပညာတော်သွားသင်ရမဲ့အကြောင်းကိုပြောလာတယ်။
" ငကျန့်ရာ မင်းအဖေကမမိုက်ပါဘူးကွာ ဒီမှာလည်းကျောင်းတက်ပြီးသင်လို့ရနေတာပဲဟာကို ဟိုရောက်ရင် မင်းစာတွေပိပြီး လုံးပါး ပါးသွားရင် ဘယ်လိုလုပ်မလဲ "
" အင်းနော် ရှိတာမှ အားလုံးပေါင်း လူလေး ၅ ယောက်တည်းရယ်ကို အဲ့လိုကြီး ခွဲရတော့ ဟာတာတာကြီးကျန်ခဲ့တာပေါ့ ....ရှောင်းကျန့် နင့်ပါပါးကလည်း ချက်ချင်းကောက်ခါငင်ခါကြီး ..."
ဝမ်ချောင်နဲ့ဆိုလာကငြီးငြူကာ မသွားစေချင်ကြောင်းပြောကြပေမဲ့ မဖြစ်ပါ ။ အစကတော့ ရိပေါ်အပေါ်စိတ်ခဏကစားတာလို့ထင်ခဲ့မိသည် သို့ပေမဲ့ တစ်ဖြည်းဖြည်းကြာလာတော့မှ တကယ်ချစ်မိနေမှန်းသိတော့သည်။ ဒါကြောင့် ဒီနှစ်ပြီးရင် စေ့စပ်ပေးဖို့ တောင်းဆိုမိသည်ကို ပညာရေးနဲ့ပါပါးက ချုပ်ကိုင်လာသည်။ သူသည် ရိပေါ်ကို လုံးဝစိတ်မချပါ မချစ်ခင်ကတစ်မျိုး ချစ်ပြီးမှတစ်မျိုးဖြစ်နေတဲ့ သူ့ကိုသူလည်း နားမလည်နိုင် ။
" ဟုတ်တယ်ရယ် ဘယ်လိုဖြစ်လို့ အန်ကယ်က ချက်ချင်းကြီးစီစဉ်ရတာလဲ "
" ဟဲဟဲ အဲ့တာကဟို ကိုယ် ပါပါးကို ရိပေါ်နဲ့စေ့စပ်ပေးဖို့ပြောလိုက်တာ ..."
" ဘုရားရေ ..."
" ဟ ! ငကျန့် "
ရိပေါ်မှာတော့ ရှောင်းကျန့်စကားကြောင့် မျက်ပြူးစံပြာဖြစ်လို့ ရှောင်းကျန့်က သူနဲ့ စေ့စပ်ပေးဖို့ အန်ကယ့်ဆီမှာတောင်းဆိုထားသည်တဲ့ ။ ရိပေါ်က ချစ်တဲ့ကြိုက်တဲ့အထိပဲတွေးရသေးတာ စေ့စပ်တာတို့ ဘာတို့အထိလည်းမတွေးမိသေး ။ ဝမ်ချောင်နဲ့ဆိုလာကလည်း မယုံနိုင် မျက်လံုးအပြူးသားနဲ့ ယွီပင်းကတော့ ထမင်းစားတဲ့ဇွန်းကြီးကိုင်ထားလျက်သားနဲ့ ။ရှောင်းကျန့်အခုလို အတည်ပေါက်လုပ်မယ်မထင်မိသေး။
" ငါလည်း ဘယ်လိုတွေဖြစ်ကုန်မှန်းမသိဘူး ရိပေါ်ကို အပိုင်လိုချင်စိတ်က သူ့အလိုလိုပေါ်လာတာ "
