° 09 °

1.4K 145 3
                                    

Part >>> 9

“ မင်းတို့လို ‌ောက်အဆင့်နဲ့များ ဆိုလာ့ကိုရိသဲ့သဲ့လာလုပ်ရလား...”

‌ခွပ် ခွပ်

အ့

“ မလုပ် အဟွတ် မလုပ်ပါနဲ့တော့..”

မြေပြင်ပေါ်မှာလဲကျကာ မျက်နှာမှာသွေးတွေထွက်နေတဲ့ကောင်လေးတွေက ရှောင်းကျန့်နဲ့ ဝမ်ချောင်ကိုလက်တကာကာနဲ့တောင်းပန်နေရှာတယ်။ ဒါလားမနက်ကသူတို့ကိုစိန်ခေါ်ခဲ့တဲ့ခွေးကောင်တွေဆိုတာ

“ အေး..နောက်လာလုပ်ရင် ဒီထက်ပိုဆိုးမယ် ထွီ ! ”

ဝမ်ချောင်ကလည်းရှောင်းကျန့်နည်းတူဆိုးမိုက်လာသည်။ရှောင်းကျန့်ရဲ့ပါပါးက ငွေအင်အားရော လုပ်ပိုင်ခွင့်အာဏာပါရှိတာမို့ တော်ရုံလူ ရှောင်းအိမ်တော်နဲ့ပတ်သတ်ပြီးပြဿနာမဖြစ်ရဲ ။ ဝမ်ချောင်တို့လည်းရှောင်းအိမ်တော်လောက် မဟုတ်ပေမဲ့ ငွေကြေးအင်အားအတောင့်အတင်းရှိတာမို့ တော်ရုံလူမကပ်ရဲ။

ရှောင်းကျန့်တို့လည်း လဲကျနေတဲ့လူတွေကို အဆုံးသတ်အနေနဲ့ တစ်ယောက်စတ်ချက်ထပ်ကန်ကာ ထိုနေရာကနေထွက်လာခဲ့ကြသည်။

////////////////////////////////////

“ ဝမ်ဝမ် ထမင်းကောင်းကောင်းစားစမ်း ဘာဖြစ်နေတာလဲ ”

ရိပေါ်မနက်ကိုကျောင်းဘယ်လိုသွားရမလဲသာစဉ်းစားနေသည် ကြီးကြီးပြောတာကိုလည်းကြားတစ်ချက်မကြားတစ်ချက် ယွီပင်းကလည်း ရိပေါ်ကိုအားနာသလိုကြည့်ကာ ရိပေါ်ထမင်းပန်းကန်ထဲ နံနံပင်တွေထိုးထည့်ပေးနေသည်။ ရိပေါ်စိတ်ဆိုးပြေလောက်မှာပါ ရိပေါ်ကနံနံပင်သိပ်ကြိုက်တာ။

“ သား မစားချင်တော့ဘူး ကြီးကြီး ”

ထမင်းဝိုင်းကနေအစောကြီးထသွားတဲ့ ရိပေါ်ကြောင့် ကြီးကြီးက ယွီပင်းကိုမေးငေါ့ပြီး ဘာဖြစ်လာတာဆိုတဲ့ပုံစံမျိုးနဲ့မေးတယ်။ ယွီပင်းကလည်း မလိမ်ချင်တာနဲ့ကြီးကြီးကိုအကြောင်းစုံပြောပြလိုက်တယ်။ကြီးကြီးကတော့ဒေါသ‌တွေထွက်လို့ပေါ့။

“ ကြီးကြီး သားကိုစိတ်မဆိုးပါနဲ့နော် ”

“ ကြီးကြီးနားလည်ပါတယ်ကွယ် ဝမ်ဝမ်ကိုပဲဘာလို့အဲ့ကလေးကအမြဲရန်ရှာနေရလည်းဆိုတာပဲသိချင်တာ လော့ရန်မပြောင်းခင်တုန်းကလာတောင်းပန်တဲ့ပုံစံကတစ်မျိုး အခုကျတော့တစ်မျိုးနဲ့ ...ကဲပါ ဝမ်ဝမ်လည်းငယ်တော့တာမဟုတ်တော့သေသေချာချာစဉ်းစားဆုံးဖြတ်တတ်မှာပါ စား စား ပြီးရင်ဝမ်ဝမ့်ကို နွားနို့ပို့ပေးပါဦး  ”

° Tell Me..! How You HATE ME ? °Where stories live. Discover now