Part < 4
" ကဲ ဝမ်ရိပေါ် ဒီတစ်ခါလည်း ငါနင့်ကို ဘယ်လိုအပြစ်ပေးရမလဲ...ပြော..”
“ ဟို...”
ခေါင်းတစ်ငုံ့ငုံ့နဲ့ တစ်ဟိုဟို တစ်ဒီဒီလုပ်နေတာကြောင့် အတန်းပိုင်ဆရာမမှာ စိတ်မရှည်တော့ပေ ။
“တော်တော့...ငါအပြစ်ပေးမယ်..သွား အခုချက်ချင်းအခန်းေရှ့မှာ ဒူးသွားထောက်...”
တကယ်တော့ ရှောင်းကျန့်ဟာ ရိပေါ်အတွက်တော့ အိမ်မက်ဆိုးတစ်ခုလိုပဲ မွန်းကြပ်မှု သိမ်ငယ်အားငယ်မှုတွေပဲ အမြဲခံစားရအောင်လုပ်တယ်..။ သူအခုဆိုအခန်းရှေ့နှာ ဒူးထောက်နေတာ နာရီဝက်ရှိနေပြီ တစ်ဖြည်းဖြည်းနဲ့ သူ့တစ်ကိုယ်လုံးပေါ်ကို ဖြာကျလာတဲ့ နေရောင်ခြည်စူးစူးရဲ့ ဒဏ်ကိုမခံနိုင်တော့ဘူး..
ယွီပင်းကတော့ စာသင်ခန်းထဲကနေ အခန်းရှေ့ကို ခဏခဏကြည့်နေမိတယ် ရိပေါ်လို သူဌေးသားလေးက နေမထိလေမထိစောင့်ရှောက်ခံပြီးနေလာခဲ့ရတာ ။ အခုကြည့် နေရောင်စူးစူးကြောင့် ရိပေါ်ရဲ့မျက်နှာလေးနီရဲနေပြီ...။
အချိန်တစ်ခုအကြာရောက်မှ အတန်းပိုင်ဆရာမထွက်လာပြီး ရိပေါ်ကို အတန်းထဲပြန်ဝင်ရန်ပြောလေသည်..။
ထော့နဲ့ထော့နဲ့ ယိုင်နဲ့နဲ့နှင့် အတန်းထဲကိုဝင်လာတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ပြုံးလိုက်မိသည်..။ ဝမ်ချောင်ကတော့ ရှောင်းကျန့်ကို မှိန်ကုတ်ကုတ်ကြည့်နေလေတယ်..။ရှောင်းကျန့်စိတ်ထဲဘာများရှိနေမလဲ..။
ရှောင်းကျန့်သူ့အရှေ့က ကောင်လေးကို သေချာကြည့်လိုက်သည် ဒူးထောက်ထိုင်တာ အချိန်တော်တော်ကြာသွားသည်မို့ မတ်တပ်ရပ်ဖို့အဆင်မပြေဖြစ်နေပုံလေးက အခုမှ မတ်တပ်ရပ်တက်စ ကလေးလေးတွေလိုပင် ချီတုံချတုံလေးနှင့်...။
“ ငကျန့်..ကြည့်တယ်နော် မျက်လုံးကျွတ်မယ်..”
“ နားစမ်းပါကွာ...တကယ်က ငါနောက်တစ်ခါဘယ်လိုမျိုး အနိုင်ကျင့်ရမလဲဆိုပြီးတွေးနေတာ..”
“ ဒါဆိုငါအကြံပေးမယ် လာ..”
ဘေးနားက ဝမ်ချောင်က အကြံပေးမယ်ဟုပြောကာ ရှောင်းကျန့်အနားကိုကပ်ကာ တစ်ခုခုကိုပြောလိုက်သည်...။ခေါင်းတငြိမ့်ငြိမ့်နဲ့ရှောင်းကျန့်က ဝမ်ချောင်ရဲ့ အကြံကိုလက်ခံလိုက်သည်...။