Part >> 23
" ဟေ့ကောင် ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော် ။ စာလုပ်တာလဲလုပ် ကျန်းမာရေးဘာလေး ညာလေးလဲ လုပ်ဦးနော် ဟဲ ဟဲ "
" အတတ်ကောင်းတွေသင်ပေးမနေနဲ့နော် ရှင့်အကြောင်းမသိရင်ခက်မယ် .. ဟွန့် "
" အသည်းလေးကလည်းကွာ...."
" တော်ပါကွာ ငါက စာပဲအာရုံစိုက်မှာ... ဆိုလာ နင်လည်း ငါ့သူငယ်ချင်းကိုအရမ်းမနိုင်စားပါနဲ့ဟာ ။ အနည်းဆုံေးတာ့ ငါပြန်လာရင် ဝမ်ချောင်ကို လူအတိုင်းပဲမြင်နေချင်တယ် ။ "
" မေဘေးနော် အေး.. မင်းကတားသလိုလုိနဲ့ မြှောက်ပေးနေတာ ငါမသိရင်ခက်ပေါ့ "
ဝမ်ချောင့်အပြောကြောင့် ရှောင်းကျန့်တစ်ယောက်ရယ်မိလိုက်သည်။
" မင်း...သူ့ကိုစိတ်ချပါကွ ။ ငါတို့သေချာစောင့်ကြည့်ပေးထားမှာမို့လို့ မင်းစိတ်ချ "
ဝမ်ချောင်ပြောတဲ့လူက ရိပေါ်မှန်းရှောင်းကျန့်သိတာမို့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။ မကြာပါ လေယာဉ်ထွက်ဖို့အချက်ပေးသံကြားတော့ ရှောင်းကျန့် ဝမ်ချောင်တို့ကို လက်ပြကာ လေယာဉ်ပေါ်ကိုတက်သွားသည်။ ရှောင်းကျန့်မသိလိုက်တာက သူနဲ့ခပ်ဝေးဝေးမှာ ရပ်ကာဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းကာ သူ့ကိုရပ်ကြည့်နေတဲ့လူတစ်ယောက်ရှိတယ်ဆိုတာ ။
/
/" အဆင်ပြေလား "
" ပြေပါတယ် "
ယွီပင်းသိသည် ရိပေါ်ကမလိမ်တတ်ပဲနဲ့လိမ်နေတာ ။ အခုလည်း လေယာဉ်ကွင်းကနေပြန်လာတာသိသည် ။
" ဟို ငါ့ကို ဖုန်းနံပါတ်ပေးထားခဲ့တယ် ရှောင်းကျန့်က "
" ငါ .... ငါ ငါ့ကိုပေးပါလား ယွီပင်း "
ဒါပဲလေ သူ့သူငယ်ချင်းအကြောင်းအသိဆုံးပါလို့ ။ ယွီပင်းလည်းဖုန်းကိုထုတ်ကာ ရှောင်းကျန့်ရဲ့ဖုန်းနံပါတ်ကို ရိပေါ်ဆီကို we chat ကနေပို့ပေးလိုက်သည် ။ရိပေါ်လည်း ဖုန်းထဲဝင်လာတဲ့ ရှောင်းကျန့်ဖုန်းနံပါတ်လေးကိုကြည့်ကာပြုံးရယ်လို့ အခန်းထဲကိုပြေးဝင်သွားတယ် ။