Part >> 14
" ဒါဆို ယွီပင်းတောင် စွံသွားပြီပေါ့ ..."
" ဟုတ် ကြီးကြီး ဟီး "
" နွားပွဲစားရုပ်နဲ့ "
ညဘက်စာလုပ်လို့ပြီးတော့ ခဏနားကာ အောက်ထပ်ကတီဗီကြည့်ဖို့ တီဗီအဖွင့် ရိပေါ်အကြိုက် စပိုက်ဒါမန်းကားလေးလာနေလို့ ထိုင်ကြည့်နေသည်။ ခဏအကြာ ရိပေါ်ရဲ့ဘေးကိုလာထိုင်ပြီး ကြီးကြီးကို ရည်းစားရသွားပြီဖြစ်ကြောင်းကြွားလာတဲ့ ယွီပင်းကို ရိပေါ်ထုထောင်းချင်စိတ်တစ်ဖွားဖွား ဘယ့်နှယ့် ကြွားချင်ရင် တစ်ခြားနေရာသွားကြွားပါလား အခုတော့ အနားမှာလာပြီး ဟီလာထနေတယ် ကြီးကြီးလည်းအတူတူပဲ ။
ဟွန့်ကနဲမြည်အောင် နှာမှုတ်လိုက်ရင်း လက်ထဲကဇွန်းနဲ့ညှပ်ယူထားတဲ့ဖရဲသီးကို ကိုက်စားပစ်လိုက်သည်။
" တစ်ချို့ တစ်ချို့တွေများကွယ် ရည်းစားလဲမရှိ စိတ်ကောင်းလဲမရှိကြပါဘူး ကြည့်ပါလားကွယ် သူများကိုမနာလိုဖြစ်နေတာ "
တူဝရီးအချင်းချင်းကို ဒေါက်ဖြုတ်လာတဲ့ကြီးကြီးကြောင့် လက်ထဲက ခက်ရင်းကိုပန်းကန်ထဲ ဆောင့်ချလိုက်သည်။ ယွီပင်းကတော့ တဟီးဟီးနဲ့ ။ ပြောပါတယ် အဲ့အကောင်က နွားပွဲစားရုပ်ပါဆို ။
" ကြီးကြီးရယ် ရုပ်ကိုက ဘဲပေါက်ရုပ်နဲ့ဟာ ဘယ်သူကကြိုက်ချင်ပါ့မလဲ ဟား ဟား "
" ကြီးကြီးနဲ့ ယွီပင်း !!!! "
ရိပေါ်မခံနိုင်တဲ့အဆုံး ထအော်လိုက်မှ အသံတိတ်သွားတဲ့ ကြီးကြီးနဲ့ယွီပင်း ။ လူကိုများ ပေါ်တင်ကြီး ဘူလီနေကြတာ ဒါတော့ လုံးဝမခံနိုင်ပေါင် ။
" တော်ပြီ စပိုက်ဒါမန်းလည်းမကြည့်တော့ဘူး သွားအိပ်တော့မယ် နွားနို့လည်းလာမပို့နဲ့တော့ "
ရိပေါ်လည်းမျက်နှာကိုဆူပုတ်ကာ အခန်းထဲသာအိပ်ဖို့ဝင်လိုက်တော့သည် ဒါတောင် ကြားလိုက်ရပါသေးတယ် မကြီးမငယ်နဲ့ စပိုက်ဒါမန်းကြည့်တယ် ဆိုပြီးရိပေါ်ကိုဟားတိုက်တဲ့အသံတွေ ။ ဘာဖြစ်လည်း စပိုက်ဒါမန်းကြည့်တော့ ၊ ကိုယ့်ဘာသာကိုယ်ကြိုက်လို့ကြည့်တာပဲဟာ။
![](https://img.wattpad.com/cover/290921039-288-k354023.jpg)