Unicode
ချစ်လွန်း၊ကြိုက်လွန်းပေမယ့် မခူးရက်ခဲ့တဲ့
ပန်းလေး...အပင်ပေါ်ပဲလှနေပါ ကိုယ်ငေးပါ့မယ်။ဝတ်ရည်လာ လုတဲ့ ပျားတွေကိုတောင်ကိုယ်
ခွင့်မပြုခဲ့ဘူး...ထိမှာမကြိုက်လို့။ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ကြွေလာပြန်တော့လဲ ကောက်ယူဖို့မရဲခဲ့ပြန်ဘူး ပန်းနုနုလေးရယ်...
ကိုယ်မင်းကိုသိပ် မြတ်နိုးတာ...။ချယ်ရီတွေလို မင်းက ပန်ဆင်ခွင့်မရှိတောင် ကိုယ်ရှိတဲ့နေရာမှာပဲ မင်းကြွေကျခဲ့ပေးပါ မြတ်မြတ်နိုးနိုး
ပွင့်ဖက်တွေကိုရင်ဝယ်ပိုက် လိုက်သိမ်းပါ့မယ်။အချစ်တွေနဲ့အတူ...မြတ်မြတ်နိုးနိုးသီပါ့မယ်။
ပွင့်ဖက်တစ်ခုတစ်လေတောင် ကိုယ် မြေခမှာ
တွန့်တိုလွန်းလို့...။KimTaeHyung
.....................................//ဆြယ္တာ အညိုကို ဖြူစွတ်နေတဲ့ရှပ်အကျီအပေါ်က ထပ်ဝတ်ကာ ဘောင်းဘီအညိုရှည်ရှည်နဲ့ကောင်လေး
ခြေလှမ်းတု်ိင်းက လွှမ်းမိုးနိုင်မှုတွေပြည့်နေလျက်
လည်ပြန်ငေးရတဲ့ ဆွဲဆောင်မှုမျိုး...။ဆံနွယ်ကလဲ ရှည်နေပြီကို ရှေ့ချထားပြန်တာကြောင့် ကောင်လေးမှာ မျက်လုံးတောင်သိပ်မပေါ်ချင်။
အရည်လဲ့နေတဲ့မျက်ဝန်းမှာ မျက်ကပ်မှန် ညိုညိုလေးကိုလဲ ဆင်ရင်း ဖြူနုနေတဲ့အသားအရည်က အညိုတွေပဲ ရွေးချယ်ထားတာမလို့ ပိုလို့တောင် ဖြူနေသယောင်။
အညိုတွေပဲ ရွေးချယ်ခဲ့တာက ချောကလတ်တွေ
လောင်းထားသလိုပါတဲ့ အထူးသဖြင့်နှလုံးသားပေါ့။ဒါကေတာ့ Kim Tae Hyung ပါပဲ။
ကုန္တိုက္တစ္ခုဆီ ရိုးရိုးလေးပဲမို့ သူကားတောင်မယူခဲ့။ကုန်တိုက်ထဲရောက်တာနဲ့ စချခဲ့တဲ့ခြေလှမ်းက ရတနာဆိုင်လေးဆီ...
စိန်ပွင့်လှလှလေးနဲ့ လက်စွပ်လေးသူဝယ်မလို့ပါတဲ့။
"အမ...စုံတွဲလက်စွပ်.."
မှန်ဘောင်ထဲကလက်စွပ်လေးကို လက်ညိုးထောက်ကာကြည့်နေတုန်းရှိသေး ရင်းနှီးအော်ခေါ်သံတစ်ခုက နားထဲ ဖြတ်ပြေးလာသည်။
YOU ARE READING
ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]
Fantasy"ရင်ခွင်ကျယ်ထဲကအပြာရောင်လိပ်ပြာငယ်" (COMPLETE) #Jikook #kookmin #taegi #namjin