လိပ်ပြာငယ်လေး🚨12💚

399 43 2
                                    

Unicode

အကြည်တို့မှာမလွှဲ အနားကိုရောက်ကတည်းက
ခန္ဓာကိုယ်အပေါ်အောက်ကို မျက်လုံးတို့ကစားကာ
ကြည်နေတာ စက္ကန့်အတော်ကြာပြီ။

လိပ်ပြာလေးက ပေါ်နေတဲ့ ပွင့်ချပ်လေးနှစ်ခုကို လက်နဲ့အုပ်မိသည်အထိ အကြည်တို့က ရှက်စရာကောင်း
နေသည်။

မလုံတော့ပါ စိုက်ကြည်နေတာလဲ မဟုတ် အပေါ်
အောက်ကြည့်လိုက် ခေါင်းလေးက မော့ကာ မျက်နှာကိုကြည်လာလိုက်နဲ့ သူအတော်မအား...။

"ဟေ့ကောင်!!"

လက်တို့က ရှေ့ကိုနောက်တစ်ဆင့်တက်ကာ တိုးလာ
ပြီမို့တားရတော့မည်။

"လှလို့...လှလွန်းလို့...ပိုးသားလေးလား လူသားလေးလားဗျာ"

"ဟာ...ဖယ်!..ဖယ်!အကျီ ဝတ်မှရတော့မယ်"

တွန်းတိုက်ပြီးအသင့်ထားပေးထားတဲ့ Shirt နဲ့ ဘောင်းဘီတိုကိုယူကာ ရေချိုးခန်းထဲ ထပ်ပြေးဝင်သွားပြန်ပါတယ်။

"ကြည့်လို့တောင်မဝသေးတာကို...ဟွန့်"

~ကျွီ~~

"ပြီးပြီလား....အကျီဝတ်ပြီးတာတောင်လှတုန်းပဲနော်"

ဘောင်းဘီပေါင်တိုလေးထဲ အကျီပွပွကိုထည့်ဝတ်ကာထွက်လာတဲ့လိပ်ပြာလေး...။

"ငါကယောကျာ်းလေး.. လှတယ်လှတယ်မပြောနဲ့!
ဘယ်လိုမှမအက်စက်တဲ့ဟာ..."

"လှလို့လှတယ်ပြောတာကို...ဘာတွေနစ်နာနေတာလဲ"

"လှတယ်ဆိုတာနဲ့ မိန်းမတွေဆန်ကုန်ပြီလေ....မိုက်တယ်လို့ပြောငါကမိုက်တာ"

"ဒီလိုအသားအရည်...ဒီလိုနုဖက်မှုမျိုးနဲ့ကဘယ်လိုမိုက်မှာတုန်း"

"မိုက်တာပြရမလား?"

အကျီကို ကြယ်သီးနှစ်လုံးလောက်ပြန်ဖြုတ်ပြီး
ခေါင်းလေးကိုမော့ကာ ဆံပင် သပ်တင်လိုက်လေရဲ့
လိပ်ပြာလေးရဲ့ မိုက်တဲ့အနေအထားပေါ့။

မော့လိုက်တာနဲ့ လည်တိုင်ပေါ်က ထြက္လာတဲ့ လည်တိုင်ရိုးတွေနဲ့ညှပ်ရိုးတွေကပေါ်ပေါ်ထင်ထင်အတိုင်းသား...။

ကြည်လဲ့နေတဲ့အသားအရည်ကြောင့် သွေးကြော
မျှင်လေးတွေက ဘယ်နှစ်မျှင်ဆိုတာတောင်ရေရင်ရေလို့ရသည်။
အဖျားလေးတင်စိုနေတဲ့ဆံပင်ရယ်နဲ့..။

ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]Where stories live. Discover now