Unicode
တစ်ခါတစ်လေငေးတစ်ခါတစ်လေဆွေးရသော
ဒီမျက်နှာ ငယ်ငယ်ထဲကတစ်ချက်မှမမေ့ခဲ့တာ။ထိန်းချုပ်ဖို့ခက်တဲ့သူ့အလှတွေကြားမျောလို့အခွင့်အရေးယူမိတာတွေအတွက်လဲမတောင်းပန်ချင်။
လှရက်လွန်းတဲ့ သခင်ကိုသာအပြစ်ဖို့ရမှာပဲ။ရင်ခုန်ခြင်းအစတွေကသူ့ရဲ့နှလုံးပလ္လင်ပေါ်က
သခင်။လွမ်းခြင်းလား၊ဆွေးခြင်းလား၊နက်နဲခြင်းလား၊မြတ်နိုးခြင်းလားအလုံးစုံရဲ့အစကသခင်ပဲ။
စချစ်တဲ့အချစ်ဦးမို့လွဲတက်တယ် ဆိုလာရင် အဲ့ဒီအဆို
တွေကို ဂျယ်လီငါးလေးက ဇောက်ထိုးရေးဆွဲပစ်မှာ
လာမပြောနဲ့ တိတ်ပိတ်အိပ်လိုက်တော့။ချစ်တာထက်ပို၊မြတ်နိုးတာထက်ပို၊အရာအားလုံးထက် သခင့်ပေါ်ထားတဲ့သူ့ခံစားချက်တွေက ပိုပိုလ်ွံလ်ွံ။
သမုဒ္ဒရာကြီးလားနေလိုက်အုံး...၊
ကောင်းကင်ကျယ်လားနေလိုက်အုံး...၊
ကမ်ဘာလုံးကြီးလားနေလိုက်အုံး...၊
စကြာဝဋာ ကြီးလားထပ်နေလိုက်ပါအုံး...၊
ဂျယ်လီငါးလေး အချစ်တွေနဲ့နှိုင်းယှဉ်ဖို့ဆိုသေးငယ်လွန်းသေးတာမို့နေလိုက်ကြပါအုံး။ပုံဖော်မပြနိုင်လောက်အောင်ကြီးသထက်ကြီးနေတဲ့မေတ္တာတွေက ဖွဲ့နွဲ့ဖို့လဲမမှီနိုင်တာမို့လို့ မဖွဲ့တော့ဘူး။
ဆူလဲခံလိုက်ပါတော့မယ်...တကယ်မဖွဲ့တက်လို့ပါ
ဂျယ်လီငါးလေးရယ်။ဒီလိုဆိုပြန်တော့မျက်ထောင့်နီတွေနဲ့ဂျယ်လီငါးလေးက တောက်ခေါက်ကာနင်အသုံးမကျဘူးဆိုသတဲ့။
"အော်...အင်းပါ"သီချင်းပဲဆိုပြလိုက်ပါတယ်။ဆံပင်
တွေရဲတောက်နေကာ ပန်းကန်တွေရိုက်ခွဲသွားတော့ကျွန်မလဲ အိမ်မက်ကနေနိုးထလိုက်တော့တယ်။တော်သေးတယ်အိမ်မက်မို့ လက်တွေ့သာဆိုဖူးယောင်နေလောက်ပြီ။
...........................//
"Ji..."
ကမ်းခြေနဲ့နီးသောမြို့လေးသည့် ကားဝင်လို့မရ လမ်းတွေက ကပ်ကပ်သပ်သပ်မို့ လမ်းလျှောက်ဆင်းရ
မည့်အခြေအနေ။Jiအိမ်ကိုသွားတဲ့လမ်းကတော့ဖြောင့်ဖြောင့်ကြီးဆိုပေမယ့်လမ်းပြင်နေတာကြောင့်် မြို့လေးထဲ ပတ် လမ်းလျှောက်ရတော့မည်။
YOU ARE READING
ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]
Fantasia"ရင်ခွင်ကျယ်ထဲကအပြာရောင်လိပ်ပြာငယ်" (COMPLETE) #Jikook #kookmin #taegi #namjin