လိပ်ပြာငယ်လေး^15^

249 33 2
                                    

Unicode

မျက်လုံးကို အလင်းရောင်ပူနွေးနွေးတွေလာရောက်ထိခက်လာတာကြောင့်အုံခဲကိုက်ခဲနေတဲ့ခေါင်းနဲ့လိပ်
ပြာလေးကတော့နိုးထလာပါပြီ။

နိုးထလာတော့ လဲအေးစက်နေတဲ့ကြမ်းပြင်ပေါ်မှာ
မှောက်ရက်လေး။

တစ်ကိုယ်လုံးကလဲကိုင်ရိုက်ထားသလို
နာကျင်နေရင်း။

နာမှာပေါ့ တစ်ညလုံး တစ်ဘုတ်ဘုတ်နဲ့ ကုတင်
ပေါ်ပြုတ်ကျလိုက် ပြန်တက်လိုက် အိပ်ပျော်လိုက်ပြန်ကျလိုက်ဖြစ်နေတာလိပ်ပြာလေးပါလေ။

အိပ်ချင်နေတဲ့စိတ်ကြောင့်သာညကနာမှန်းမသိတာ
မနက်ရောက်တော့စနာလာလေပြီ။

"အားး..ငါ့လက်မောင်း...လက်မောင်းနာလိုက်တာရှီးး
ခေါင်းတွေကလဲ သေမလိုပဲ ထိုးကိုက်နေတာ"

ဟိုကိုင်ဒီကိုင်နဲ့နာနာကျင်ကျင်ပဲနိုးထလာသည်။

ဒေါက်~ဒေါက်~ဒေါက်~

တံခါးခေါက်သံကြားမှ အခန်းထဲဝေ့ကြည်မိတော့..။
အဝါရောင်အခန်းငယ်။
နှစ်ယောက်တွဲရီမောနေတဲ့ဓာတ်ပုံတွေကလဲဝေဝေဆာဆာ။
အမှတ်တရတွေအများကြီးခိုအောင်းနေတဲ့အခန်းလေး။

ဟင်ငါညက Taehyung အခန်းမှာအိပ်တာလား?။

"ဝင်ခဲ့လေ"

"ကိုထယ္က မနက်ကအလုပ်ကိစ္စနဲ့ထွက်သွားလို့ အ့ဲတာစွတ်ပြုတ်တိုက်ခိုင်းခဲ့လို့"

ဖြူဖြူဥဥနုနုလေးပါလား။ဒီကလေးကဘယ်သူတုန်း။

"မင်းကဘယ်သူလဲ?"

"ကျွန်တော့်နာမည် Min Yoongi စီးပွားရေမေဂျာ____University ကပါ အေဖက"

"တော်..တော်..တော်ငါမေးတာ Taehyung နဲ့ဘယ်လိုပတ်သတ်လဲမေးတာ"

"ဟို....ကိုထယ်ရဲ့ကောင်လေးပါ"

မနက်စောစောစီးစီး Amazing တွေထပ်ဖြစ်ရပြန်ပြီ။
Taehyung က ဘယ်ရည်းစားကိုမှ One night
ထက်ပိုပြီးသူ့အိမ်မှာမထားဘူးလေ ဒီကောင်လေးဝတ်ထားတဲ့အကျီတွေကလဲသူကိုယ်တိုင် Limited ဒီဇိုင်းထုတ်ထားတဲ့အကျီကိုမွေးနေ့လက်ဆောင်ပေးခဲ့တာ။အဲ့ဒါတွေအထိပါပေးဝတ်တယ်ဆိုတော့ ဒီကောင်လေးကတော်ရုံမဟုတ်ကြောင်းလိပ်ပြာလေးသိလိုက်သည်။

ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]Where stories live. Discover now