Unicode
အရောင်လှလှလေးတွေခြယ်လှယ်ချင်တဲ့လိပ်ပြာလေးနဲ့ အခြယ်အလှယ်မခံတဲ့ ပိုင်ဆိုင်သူဂျယ်လီငါးလေးတို့က ဆံပင် ဆိုင်ထဲမှာ ဝင်ချည်ထွက်ချည်။
"Ji သွားမယ်ဆိုးစရာအကြောင်းမရှိဘူး"
လက်တွေကိုဆွဲကာ ထွက်မယ်လုပ်တော့လဲ လိပ်ပြာလေးက လက်မခံဆွဲဖယ်ပြန်တယ်။
"အရမ်းကြီးတောက်တာဆိုးမှာမဟုတ်ဘူးလေကွာ"
"Ji မဆိုးပါနဲ့....အနက်အတိုင်းလေးပဲထားပါ"
"ဟာ...ဆံပင်လေးဆိုးတာဘာဖြစ်သွားမှာမို့လို့လဲ"
"အခုအတိုင်းလေးကောင်းနေတာကိုဘာတွေခြယ်ချင်နေတာလဲ"
ဆိုးမယ်အတင်းဖြစ်နေတဲ့လိပ်ပြာလေးနဲ့ မဆိုးရပါဘူးဆိုတဲ့ဂျယ်လီငါးလေးတို့က ဆိုင်ရှေ့မှာပဲ စကားတွေအမြောက်အမြားပြောခဲ့ကြသည်။
လမ်းသွားလမ်းလာတွေကလဲသူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်။ပြောနေတဲ့စကားတွေကလဲ ဆိုးမွာ မဆိုးရပါဘူးဒီနှစ်လုံးပဲအချိန်အတော်ကြာအငြင်းပွားပြီး နောက်ဆုံးတော့လိ်ပ်ပြာလေး စိတ်တွေမရှည်ချင်တော့။
"ဆိုးမွာပဲ....ဆိုးမွာဆိုးမွာ"
အတင်းဆွဲရင်လဲ အတောင်တွေကျိုးသွားမှာဆိုးလို့အသာအယာဆွဲခေါ်သော်လဲ လိပ်ပြာလေးက ဆိုင်ရဲ့အရိပ်ကနေတစ်လှမ်းတောင်မခွာ။
"Ji လာလို့ဖြစ်ချင်တာအကုန်လုပ်ပေးမယ်ဆံပင်တော့မဆိုးနဲ့"
ဂျယ်လီငါးလေးရဲ့လက်တွေဟာ တင်းကြပ်လွန်းတာကြောင့်လိပ်ပြာလေးအနည်းငယ်နာကျင်လာ
သည်။"မဆိုးဘူး မဆိုးဘူး..ဘာမှလဲမလုပ်တော့ဘူး အိမ်မှာဆန်ကုန်မြေလေးပဲလုပ်တော့မယ်"
ဆူကောက်ချိတ်ကာမျက်ခုံးတွေကလဲတွန့်ချိုးထားတာကျိုးကျတော့မလို။
အခုလဲလက်တို့ကိုဆွဲဖယ်ကာပုခုံးကိုတွန်းတိုက်သွားပါသေးတယ်။"ပိုတောင်ကြိုက်သေးတယ် ကျွန်တော်ရှာကျွေးမယ် အေးဆေးပဲနေ"
စကားတို့ဆက်ရင်း လက်တွေကိုဆွဲကာ တကယ်ပြန်မယ်အထင်နဲ့ လျှောက်သွားတော့လဲမဟုတ်ပြန်။
YOU ARE READING
ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]
Fantasía"ရင်ခွင်ကျယ်ထဲကအပြာရောင်လိပ်ပြာငယ်" (COMPLETE) #Jikook #kookmin #taegi #namjin