Unicode
လေပြေနုနုတွေက ကျီစားနေသလို
နေကလဲအနည်းငယ်် ပူပြလာတဲ့ မနက်...။နမ်းပြီးမှရှက်နေသည့် လူသားနှစ်ယောက်က
ကျောက်ဆောင်ပေါ် ကပ်ရပ်ခြေဆင်း ထိုင်နေရင်း
မသိမသာ ပါးတွေရဲတက်နေကြသည််။တစ်ခါတစ်ခါ လာလာရိုက်တဲ့ လှိုင်းတွေနဲ့ အတူ
ဂျယ်လီငါးလေးက လိပ်ပြာလေး လက္ကို ထိဖို့
တုန့်ဆုတ်တုန့်ဆုတ်...။ကိုင်ဖို့ စိတ် ကိုဒုန်းခနဲမြည်အောင်ချပြီး
မြှောက်လိုက်တဲ့လက်က လက်ဖဝါးနုနုလေးကို
ဆုပ်ကိုင်ဖို့ရည်ရွယ်ပါသော်လဲ တစ္ဖက္က လှုပ်ရှားလိုက်တာကြောင့်...ကျသွားတဲ့နေရာကJi ရဲ့ ပေါင်ရင်း....
"အ!!"
ရုတ်တရက် ပေါင်တွေပေါ်ကျလာတဲ့ Jung လက်
ရှည််ရှည်တွေ... မနာပါသော်ဌား ဘာအလွှာမှမခြား
ပဲ ဘောင်းဘီတိုဝတ်ထားတာမလို့ အ လို့တောင်အော်မိသည်။"မ-မဟုတ္ဘူး-ji မဟုတ္ဘူး"
ကြည့်ရုံပဲ ကြည့်ရပါသေးတယ် ဒီကေလးက
ပြာပြာသလဲ ခေါင်းကုတ်ခြေကုတ် ။ပါးစပ္ကလဲ ပူစီဖောင်းမှုတ်သလို တစ်ဘူးဘူးနဲ့
လက်တွေလဲကာပြလို့ကာပြ ရမ်းပြလို့ ရမ်းပြနဲ့...။"အဲ့-အဲ့လိုမ-မဟုတ္ဘူး"
ထစ်ငေါ့နေတဲ့ စကားတွေနဲ့ Jung က
တစ်မျိုးလေးချစ်ဖို့ကောင်းနေပြန်သည်။သူကတော့ဘာတွေတွေးနေသလဲမသိ
ကျွန်တော်ကတော့ တော်တော်ချစ်နေတာ...။"လက်ကိုင်ချင်လို့မလား?"
သဘောတကျပြုံးမိပြန်တယ်။ မေးတော့လဲ
ခေါင်းငုံ့ကာ...တိုးတိုးအသံလေး..။"အင်း...."
ကိုယ့်ကိုယ်ကိုယ်ကြီးလှပြီလို့ထင်တဲ့
လက်ဖဝါးတွေကို ဖြန့််ကာ ဆန့်ထုတ်လိုက်တော့
Jung လက်ဖဝါးတွေက လာထိကပ်တယ်။သူ့လက်ချောင်းတွေကြားထဲ ကျွန်တော့်လက်က
ပျောက်နေရပြန်ပြီ။"Ji သွားရအောင်"
"ဟင်ဘယ်လဲ?"
"ရေအောက်ကိုလေ "
YOU ARE READING
ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]
Fantasy"ရင်ခွင်ကျယ်ထဲကအပြာရောင်လိပ်ပြာငယ်" (COMPLETE) #Jikook #kookmin #taegi #namjin