လိပ်ပြာငယ်လေး🍁25🚨

328 35 4
                                    

Unicode

အဖြူရောင်ကြွေပြားတွေခင်းထားတဲ့အခန်းကျဉ်း
လေးထဲ အဖြူရောင်မွေ့ယာနဲ့...ကုတင််တစ်ခု။

ကုတင်ဘေးက စက္ကိရိယာ တစ္ခုမွာ..
မျဉ်းနှစ်ကြောင်းက ...မဖြောင့်မတန်းသွားနေ၏။

သုံးခွ ထောက်တိုင်...အရှည်ရဲ့ထိပ်မှာ
တစ်စက်ချင်းကျနေတဲ့ ကြည်ကြည် အရည်ထုပ်
က ပိုက်နဲ့သွယ်တန်းကာ ကုတင်ပေါ်က ဖြူဖက်ဖြူ
ရော်လေးရဲ့ ...သွေးသားထဲ စီးဝင်နေလေသည်။

လဲနေတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေတဲ့
သကြားခဲလေးက ဆေးရုံဝတ်စုံ ...ယဲ့ယဲ့နဲ့သာ။

ကျွန်တော်...သတိမေ့နေခဲ့တာလား?
မှတ်မိခဲ့တာတော့ ပထမဆုံးနှင်းတွေပဲ
ပြီးတော့....ချယ်ရီတွေ။

ဘယ်လောက်မှမကြာလောက်သေးဟု
ထင်နေတဲ့အတွေးက Nurseမ...လေးလာထား
သြားတဲ့ ပြက္ခဒိန်မှာတင် ရိုက်ချခံလိုက်ရသည်။
တစ်ပတ်တောင်ကျွန်တော်...မေ့နေခဲ့တာလား။

ကျွန်တော့်ဘေးကခုံမှာသေချာထုပ်ပိုးထားတဲ့
ရောင်စုံပန်းစီးလေး...ပြီးတော့စာလေးတစ်စောင်။

နာနေပြီမချစ်နိုင်တော့ဘူးဆိုပေမယ့်...
သူမ်ားလား...ဆိုတဲ့ စိတ္က စာကိုအျမန္ဆြဲယူကာ
ဖတ်ပြီးနှင့်နေပြီ။

သူမဟုတ်ခဲ့...။

Dem ဆီက ကျွန်တော့်ကိုဂရုစိုက်ပါဆိုတဲ့...စာလုံး
တွေကလက်ရေးဝိုင်းဝိုင်းနဲ့... စာရွက်အဖြူပေါ်
မှင်အပြာလေး အဖြစ်တည်ရှိနေသည်။
သူသာဆို...ပျော်မိလောက်အုံးမှာပါ။
သူမဟုတ်တော့လဲ...အေးဆေးပေါ့။

ကျွန်တော်လဲ ကျွန်တော်မှကျွန်တော်ဆိုတဲ့
လူနဲ့ ဖူးစာဆုံခွင့်ရချင်လိုက်တာ~~
လိုက်ချစ်ရတာ.... ပင်ပန်းလွန်းတယ်။

အင်း...။အခုလဲ နှုန်းထား မှန်မှန် ကျနေတဲ့
နှင်းတွေကိုပြတင်းပေါက်ကတစ်ဆင့်
လှမ်းကြည့်ရင်း ကျွန်တော် မျက်ရည်ကျရပြန်ပြီ။

ကုန်ပါတော့။ မျက်ရည်တွေရယ်
ကုန်တော့...မဆွေးသင့်တော့ဘူး။

အခန်းအေးအေးထဲ လေကောင်းလေသန့်ရပါရက်နဲ့ ကျွန်တော် အသက်ရှု မဝလိုက္တာ...။

ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]Where stories live. Discover now