လိပ်ပြာငယ်လေး🐬17🐬

217 34 0
                                    

Unicode

ထိုးကိုက််နေတဲ့ခေါင်းနဲ့အတူ
တစ်ကိုယ်လုံးကလဲပူတက်နေရင်းသိစိတ်က
နိုးထလာရသည်။

ကျိန်းစက်နေတဲ့မျက်လုံးများကိုလဲမဖွင့်ချင်။
နာကျင်ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကိုလဲနည်းနည်း
မှမလှုပ်ချင်။

သို့သော်လဲအလုပ်ရှိသေးသည်မလို့
ကုန်းရုန်းကာထရသည်။

ညကတည်းက မလဲ ရသေးတဲ့ရေစိုအကျီ
တွေကလဲရေးရေးလေး စိုနေသေးသည်။

တစ်ညလုံးခေါ်ခဲ့တဲ့ဖုန်းတွေကလဲ
တစ်ခါမှကိုမကိုင်ခဲ့။

Message တွေလဲပို့ခဲ့ပါတယ်တွေ့ပါစေ
မျှော်လင့်ရင်း ဖုန်းကိုဖွင့်ကြည့်တဲ့အခါ..။
ဖုန်းက အားမရှိလို့ ပိတ်သွားလေပြီ။

ရေစိုနေတာတွေလဲကာ ရေချိုးပစ်တော့
ချောင်းဆိုးနှာချေ ရောဂါ
ကိုအစပျိုးသလိုဖြစ်လေကာရောဂါစတော့သည်။

"ချီ!...ဟက်ချိ!"

နားခေါင်းတစ်ရှုံ့ရှုံ့နဲ့သာ ဆိုင်ကိုဖွင့်လိုက်ရသည်။
အရင်လိုတက်ကြွမှုတွေမရှိကာ အားတွေ
ကုန်ခမ်းနေတာတော့အမှန်။

ဖုန်းကိုလဲအပြေးအားသွင်းရပါသေးသည်။
မျှော်လဲမျှော်မိပါသေးသည်။

~ကလောင်~

"Hyu..."

မျှော်နေတဲ့ယောကျာ်းငယ်တော့မဟုတ်။
မျှော်ဖူးတဲ့ယောကျာ်းငယ်ဖြစ်နေသည်။

"ဟယ္လို....ကိုယ့်မနက်ခင်းလေးနိုးပြီလား"

ဖုန်းကိုကိုင်လျက် ဆိုင်ထဲ တစ်လှမ်းချင်း
ဝင်လာတဲ့ဂျယ်လီငါးလေး။

"....."

"ကော်ဖီသောက်မလားဝယ်ခဲ့မယ်လေ"

"....."

"ထတော့လေဗျာ လာခေါ်တော့မယ်နော်
အဆင်သင့်ပြင်ထားလိုက်နော်"

"....."

"ဒါပဲနော်....."

ဖုန်းပြောပြီးတာနဲ့ဂျယ်လီငါးလေး
ဆိုင်ထဲဝေ့ကြည်မိတော့ တက်ကြွလန်းဆန်းမှု
မရှိတဲ့အပြင် ဖြူဖတ်ဖြူရော်နဲ့ စာဖိုမှူး ကို
တွေ့လိုက်ရသည်။

ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]Where stories live. Discover now