EXTRA💙

384 32 2
                                    

Unicode

နေရောင်ရဲရဲထွက်ခါစ အာရုံဦး......
ကောင်းကင်တစ်ခုလုံးက လိမေ္မာ်ရောင်
တွေပြေးနေကာ...
ကောင်းကင်ရဲ့အလင်းရိုက်ခက်မှုကြောင့်
ပင်လယ်ပြာကလဲလိမေ္မာ်ရောင်ပင်လယ်ဖြစ်နေသည်။

အပြေးအလွှားပြင်ဆင်နေကြတဲ့
သဘောၤကြီးပေါ် အခန်းတစ်ခန်းငယ်မှာ
အနောက်တိုင်းဝတ်စုံမိုးပြာရောင်အတွဲဟာလဲ
ကိုယ်စီကိုယ်စီပြင်ဆင်နေကြရင်း အသီးသီး
အလုပ်တွေရှုပ်နေခဲ့ကြသည်။

အဝါရောင်ဆံပင်လေးတွေက
အနည်းငယ်ရှည်လာပြီး မျက်လုံးတွေအထိ
ဖုံးလာတော့ ဘေးတစ်ဖက်ဆီခွဲထားရင်း
မျက်နှာနုနုလေးပေါ်အဝါရောင်လေးဟာ
ဒီတစ်ခါတော့ရင့်ကျတ်ခြင်းတွေနဲ့.....။

"အမ နှုတ်ခမ်းတွေအထိမလိုဘူးရပြီနော်.."

အတောက်ပဆုံးဖြစ်နေရမဲ့အပြာရောင်
လိပ်ပြာငယ်လေးက ဒီလိုနေ့မှာပွဲမရှာချင်တာကြောင့်
Jung သာထိရမဲ့နှုတ်ခမ်းတွေကို
လာမထိစေရန်ကြိုတင်ကာကွယ်လိုက်ရသည်။

"ဟို..."
နည်းနည်းတော့တန့်သွားကာ
ရိုသေစွာခေါင်းညိတ်ပြမှုက အဆင်ပြေနေပြီ
ဖြစ်ကြောင်းသေချာနေပြီမို့ ပြင်ဆင်ပေးသူ
ကောင်မလေးဟာ မအူမလည်ထွက်လာခဲ့ရသည်။

မျက်ခုံးပြေပြေလေးရဲ့အောက်ထိရှည်လာတဲ့
အဝါရောင်ဆံနွယ်လေးတွေဟာ ပုံသွင်းထားတာ
ကြောင့် အနည်းငယ် လှိုင်းလေးတွေဖြစ်နေကြကာ
ခမ်းခမ်းနားနား ။

မနီးမေဝးက လူတစ်ယောက်ကတော့
ပြင်ရင်းဆင်ရင်းမှ မျက်စောင်းတစ်ချက်သည်
လာလာထိတာကြောင့် လိပ်ပြာလေး
ကောင်းကောင်းပင် မထိခိုင်း မခြယ်သခိုင်းရဲခဲ့...။

"တော်သေးတယ် နှုတ်ခမ်းတွေမထိလို့
ထိရင်ကျွန်တော်ဘယ်လိုမှ သည်းခံနိုင်မယ်မထင်ဘူး"

"ကိုယ့်Jungkookအပိုင်တွေပါ...ဘာလို့
ဒီလောက်အခုတလော ပိုတိုတက္လာတာလဲ"

"Jiက တနေ့တခြား သိပ်မျက်စိကျချင်စရာကောင်းလာတာကိုလဲထည့်ပြောအုံး..."

"ကဲ....ဒီနှစ်ယောက်ပြီးပြီလား အခမ်းအနားကစရ
တော့မယ် ပြင်ဆင်တာပဲ သုံး၊လေးနာရီကြာနေပြီ"

ဂျယ်လီငါးလေးရဲ့လိပ်ပြာငယ်💙🦋 [COMPLETE]Where stories live. Discover now