Part 18(Uni+ Zaw)

22.3K 1.6K 25
                                    

Arr Ah Daddy
Part 18(Uni)


ရီပေါ် အလုပ်အားလုံးပြီးလို့ နာရီကြည့်လိုက်တော့ ည ၁၁နာရီ ပင် ထိုးနေလေပြီ။ သူ့ကလေး ရှိရာကို ကြည့်လိုက်တော့ သူလေးက ဆိုဖာ ပေါ်တွင် ထိုင်ရက်လေး ခေါင်းမှီကာ အိပ်ပျော်နေလေပြီ။

ရီပေါ်တို့က အလုပ်ထဲအာရုံရောက်ပြီဆို ဘယ်အရာမှ မသိတော့တာ ဖြစ်တယ်။ သိမ်းစရာ ရှိတာ သိမ်းပြီးတာနဲ့ သူလေးရှိရာ ဆိုဖာစီ သွားလိုက်တယ်။

ကျန့်လေးက အိပ်နေတာတောင် ချောနိုင်လွန်းသူဖြစ်တယ်။ အိပ်နေချိန်ဆို ပိုပြီး ကလေးလေးနဲ့ တူတယ်။ ရီပေါ်လဲ ချစ်စဖွယ် လူသားလေးရဲ့ ပါးပြင်ကို နမ်းလိုက်ပြီး ပွေ့ကာ ချီလိုက်တော့

"အင်းးး Daddy. ...."

ရီပေါ် နိုးပြီမှတ်လိုက်ပေမဲ့ ထိုကလေးက မျက်လုံးပင် ဖွင့်မလာပါ။ ပါးစပ်တစ်ပြင်ပြင်နဲ့ လုပ်ပြီး အိပ်ပျော်နေလေသည်။

ရှောင်ကျန့်မှာအိပ်နေရင်း daddy အနံ့ရတာမို့ အနီးဆုံးကို ကပ်ပြီးရင် ကပ်နေမိသည်။ ရီပေါ်ကတော့ သူ့လည်ပင်းကို ဖက်တွယ်ကာ သူ့ရင်ဘတ်ထဲ နှာခေါင်းနဲ့ အတင်းတိုးဝင်နေသူလေးကို ငုံ့မိုးကြည့်လိုက်တယ်။

"မွှေးနေတာဘဲ daddy ကိုယ်သင်းရနံလေး"

ကလေးက ယောင်ပြီး ထပ်ပြောလာပါသည်။ ရီပေါ်ကတော့ ပြုံးပြီးရင်း ပြုံးလို့ ချီကာ စာကြည့်ခန်းမှ ထွက်ခဲ့တော့သည်။

ထိုအချိန် ရီလျှို့ကလဲ အပေါ်ထပ်ကို တက်လာသော အချိန်ဖြစ်တယ်။ သူ့အဖေကို ပြောစရာ ရှိတာကြောင့်။ မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ကို ဆွံအသွားစေတယ်။

သူ့အဖေ တကယ်ကြီးသူ့အဖေက ရှောင်ကျန့်ကို စာကြည့်ခန်းထဲကို ခေါ်တယ်ပေါ့။ သူ့အဖေက သူ့စာကြည့်ခန်းကို လူဝင်တာမကြိုက်ပေ။ သားတောင် ချွင်းချက် မရှိခဲ့။ အခုတော့ ရှောင်ကျန့်က အိပ်ရောက်တာ မကြာသေးပေမဲ့ သူ့အဖေက အရေးပေးထားလေသည်။

ပြီးတော့လဲ ပွေ့ပြီးခေါ်လာပုံကလဲ အနှောက်အယှက်လို့ တွေးပုံမရ။ မျက်နှာတွင်လဲ နူးညံကာ နွေးထွေးမှုတို့ ပါဝင်နေလေသည်။

Arr Ah Daddy (Complete)Where stories live. Discover now