Part 21(Uni+ Zaw)

25.9K 1.6K 39
                                    

Arr Ah Daddy
Part 21(Uni)

"အ့......"

"ကျန့်လေး သက်သာရဲ့လား"

သူတို့နှစ်ဦး မနေ့က ခရီးနှင်လိုက်တာ မိုးလင်းခါနီး ၅နာရီ လောက်မှ ရပ်လိုက်တာ ဖြစ်တယ်။ အောက်က ကလေးက သတိလစ်သွားတာကြောင့် daddy ဝမ်တို့ ပြာယာခက်ပြီး ကလေးကို ရေသပတ်တိုက် အဝတ်အစားလဲပီး ဒဏ်ရာတွေကို ဆေးလိမ်း သောက်ဆေးကို  mouth to mouth နည်းနဲ့ တိုက်လိုက်ကာ တစ်ညလုံး ထွေးပွေ့ထားရတယ်။

တစ်ချက်တစ်ချက် လှုပ်လိုက်ရင် နာသွားလို့ ဖြစ်မယ်။ မျက်နှာလေး မဲ့ပြီး ညီးသံလေးတွေ ထွက်တတ်သည်။ ထိုအချိန်ဆို ရီပေါ်က နှဖူးပေါ် အနမ်းဖွဖွ ပေးကာ ချော့မြူရသည်။

မနက်မိုးလင်းတော့ ကလေးက ကိုယ်ပူလာကာ ဖျားလေသည်။ ဝတ်လစ် စလစ်နဲ့ တစ်ည လုံး နေလိုက်တာမို့ အနာရှိန်နဲ့ ရောပြီး နေမကောင်း ဖြစ်သွားဟန်။ ကလေးကတော့ အအိပ်မပြတ်ပေးမဲ့ ရီပေါ် တစ်မနက်လုံး မအိပ်နိုင်ဘဲ ပြာယာခက်နေတာ ဘယ်သူမှ သိမှာ မဟုတ်။

အခုဆို ၁၁နာရီခွဲ လေပြီ။ ရီပေါ် မှေးခနဲ အိပ်ပျော်သွားချိန် အ့ ခနဲ ညီးသံထွက်လာတော့ ရီပေါ့်လက်က ကလေး နှဖူးပေါ် ရောက်သွားလေသည်။

ကလေးက မျက်လုံးဖွင့်ကြည့်ပြီး မျက်နှာမဲ့မဲ့လေးနဲ့

"အရမ်းနာနေတယ်"

"ဘယ်နေရာကလဲ daddy ကိုပြော"

"အောက်ပိုင်း အင့်......daddy ကလူဆိုးကြီး....လူကို အသေလုပ်တယ်.....ရပ်ပေးဆိုလဲ......မရပ်ဘူး.....အီးးးးဟီးးး..."

"မငိုနဲ့လေ ကျန့်လေး ကျစ်....ကိုယ်တောင်းပန်ပါတယ်....ကလေး.....အဲ့ဒါကြောင့် ..ကိုယ်မင်းကို မထိရတဲ့အကြောင်းကို သိပြီလား"

ငိုနေတဲ့ ကလေးကို ရီပေါ် အလျင်အမြန်ဘဲ ရင်ခွင်ထဲ ဆွဲပွေ့ကာ ကျောလေးသပ်ပြီး ချော့နေရပြန်သည်။ မေးလိုက်တော့ ရင်ဘက်ထဲက ကလေးက ခေါင်းလေးငြိမ့်ပြတော့ ရီပေါ် တစ်ချက်ပြုံးလိုက်လေသည်။

တီ....

ထိုအချိန်ဖုန်းလာတော့ စားပွဲပေါ်က ဖုန်းကို လှမ်းယူပြီး ရီပေါ် ဖြေလိုက်လေသည်။

Arr Ah Daddy (Complete)Where stories live. Discover now