Part 22(Uni +Zaw)

22.9K 1.6K 30
                                    

Arr Ah Daddy
Part 22(Uni)


ရီပေါ် အိမ်ပြန်ရောက်​တော့ ခြေလှမ်းကျယ်ကြီးနဲ့ သူ့ကလေးရှိရာ အခန်းကို သွားတယ်။ ကလေးက ကုတင်ပေါ်မှာဘဲ ခေါင်းအုံးလေးမှီကာ အောက်ပိုင်းကို စောင်ခြုံထားပြီး ထိုင်လျှက် စာဖတ်နေသည်။

ရီပေါ့်ကိုမြင်တော့ စာအုပ်ကို ချပြီး

"daddy အစောကြီးဘဲ ပြန်လာတာလား"

"အင်း ကလေးကို တွေ့ချင်လို့"

ရီပေါ်က မျက်နှာတည်ကြီးနဲ့ ပြောလိုက်ပေမဲ့ ရှောင်ကျန့်ကတော့ ယုန်သွားလေးများပေါ်အောင်ပြုံးကာ မျက်နှာလေး ရဲသွားပြန်သည်။

ရီပေါ်က ကုတင်စီသို့ လျှောက်လာပြီး သူ့ကလေးရဲ့ နှဖူးကို သူ့ပါးပြင်နှင့် ကပ်ကာ အပူချိန် စမ်းလိုက်သည်။

"သိပ်တော့ မပူတော့ဘူး ကိုယ်ငွေ့နွေးနွေး လေးတော့ ရှိသေးတယ် ကျန့်လေး ဘယ်လိုနေသေးလဲ"

"အဆင်ပြေပါတယ် ဒါပေမဲ့ လမ်းတော့ မလျှောက်နိုင်ဘူး"

"တောင်းပန်ပါတယ် ကျန့်လေး"

"ရပါတယ် daddy အပြစ်မှ မဟုတ်တာ နောက်ကျ ခံနိုင်ရည်ရှိအောင် လုပ်ထားပါ့မယ်"

နောက်တစ်ခါ ???

ရီပေါ်မေးလိုက်တော့ ရှောင်ကျန့်က ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မဖြေတော့ပေ။ ရီပေါ်လဲ ထိုအသဲယားစရာ ချစ်စဖွယ် ကောင်လေးစီမှာ သူ မသိလိုက်ခင်မှာဘဲ ကျဆုံးနေရလေသည်။

ရီပေါ်က ကလေးနှုတ်ခမ်းကို ငုံ့နမ်းလိုက်ပြီး ကလေးဘေးတွင် ထိုင်လိုက်သည်။

"ကျန့်လေးကို ကိုယ်​ဖွင့်ပြောစရာ ရှိတယ်"

ရှောင်ကျန့်က မော့ကြည့်လာပြီး ဘာများလဲ ဆိုသော အကြည့်နဲ့။

ရီပေါ်က မျက်နှာထား တည်တည်နဲ့ဘဲ သူ့အရင်ဇနီး အကြောင်း အစအဆုံး တစ်လုံးမှ မထိမ်ချန်ဘဲ ပြောပြလိုက်သည်။

"အဲ့ဒါ ကိုယ်နဲ့ ရီလျှို့ အမေအကြောင်းဘဲ မင်းလေးကို ဖုံးကွယ်ထားတာ မဟုတ်ဘူး အရင်အကြောင်းတွေကို ကိုယ်အစပြန်မဖော်ချင်လို့"


Arr Ah Daddy (Complete)Where stories live. Discover now