Part 36(Uni +Zaw)

19.6K 1.4K 44
                                    

Arr Ah Daddy
Part 36(Uni)


ဝေါ့~~~~

"ကျန့်လေး ဘာဖြစ်လို့လဲ"

မနက်စာ စားနေတုန်း ပြေးထွက်သွားတဲ့ သူလေးကြောင့် ရီပေါ် အနောက်ကနေ အပြေးတစ်ပိုင်း လိုက်သွားရသည်။ ရီလျှို့နဲ့ ရွယ်ယိ့တို့ကလဲ ဆက်မစားနိုင်တော့ဘဲ ရေချိုးခန်းဆီသာ အကြည့်ရောက်သွားကြတယ်။


ရီပေါ်က ရှောင်ကျန့်ကျောပြင်လေးကို သပ်ပေးပြီး စိုးရိမ်နေလေသည်။

ရှောင်ကျန့် အန်နေသည်မှာ လေတွေဘဲ ဖြစ်နေတယ်။ မနက်တိုင်းနီးပါး အန်တာက ပုံမှန်လိုလို ဖြစ်နေတာကြောင့် ရီပေါ် က ဆေးရုံသွားမယ် ပြောသော်လည်း ရှောင်ကျန့်က ဘာမှ မဖြစ်ပါဘူး ချည်း ပြောနေတာကြောင့် ရီပေါ် လွှတ်ထားခြင်း ဖြစ်သည်။ အခုဆို တစ်ပတ်လောက် ရှိနေပြီ။


"ရပြီ daddy ရေ အဆင်ပြေသွားပြီ"

"ကိုယ် ဒေါက်တာကို ခေါ်ထားလိုက်ပြီ"

"Daddy ကလဲ မလိုပါဘူး"

"မလိုဘူး မလုပ်နဲ့တော့ ကိုယ့်ကို နေ့တိုင်း စိတ်ပူရအောင် မလုပ်နဲ့"

"ဟုတ် daddy"


ရှောင်ကျန့်လက်ခံလိုက်မှ ရီပေါ်က ရှောင်ကျန့်ကိုယ်လေးကို တွဲကာ အပြင်ခေါ်လာသည်။


သူတို့နှစ်​ယောက် အပြင်ထွက်လာတာ တွေ့တော့ ရီလျှို့နဲ့ ရွယ်ယိ့တို့က အနားရောက်လာပြီး သတင်းမေးကြလေသည်။


"ပါးပါး သက်သာ ရဲ့လား"

ရီလျှို့က အရင် စမေးလိုက်သည်။

"အင်း ကောင်းသွားပါပြီ  အလုပ်သွားကြတော့လေ"

"ဟုတ်ကဲ့"


အရင်နေ့က ရီလျှို့ကို ရွယ်ယိ့ မိဘတွေ ခေါ်တွေ့တာက အလုပ်ခွင်ထဲ ဝင်ဖို့ ခေါ်ပြောတာ ဖြစ်တယ်။ကျောင်းပြီးတော့မှာ မို့လို့ သူ့ကို Wang ကုမ္မဏီတွင် အလုပ်ဝင်လုပ်စေချင်ပြီး သူတို့ Yue ကုမ္မဏီနဲ့ ဖက်ဆက် အလုပ်တစ်ခုကို အတူ ရှယ်ယာ ဝင်ဖို့လဲ ပြောလိုက်သေးသည်။


အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရွယ်ယိ့နဲ့ အိမ်တွင် ရန်ဖြစ်သေးသည်။ မထင်မှတ်ထားတာက ရွယ်ယိ့အဖေက သူ့အဖေကိုလဲ ပြောပြီးသား ဆိုတော့ သူ့အဖေ ရီပေါ်က သူ့ကို  Wang ကုမ္မဏီမှာ အလုပ်သင်ဝင်လုပ်ခိုင်းလေသည်။ အလုပ်သင်နေရာက စလုပ်ခိုင်းပေမဲ့ ကုမ္မဏီ တစ်ခုလုံးက CEO သားမှန်း သိတာကြောင့် အထူးတလည် ဆက်ဆံကြလေသည်။


Arr Ah Daddy (Complete)Where stories live. Discover now